Chapter-{14.2}

4.9K 855 41
                                    

Unicode

လျှို့၀ှက်ချက်များ

၀မ်ချီ မူရင်း၀တ္ထုထဲမှအရံဇာတ်ကောင်သေးသေးလေးတွေကအစ လိုက်ဆက်စပ်ကြည့်ပေမယ့် အိမ်ရှေ့စံရဲ့အချစ်ဦးနဲ့ကိုက်ညီတဲ့ဇာတ်ကောင်မရှိပေ။
ရှောင်ရွှမ်းဇီကလည်း သူအခု၀င်နေတဲ့မူလပိုင်ရှင်နဲ့ဆင်တူတဲ့သူလို့ပြောတော့ ပိုတောင်မဖြစ်နိုင်သေး...

၀မ်ချီခေါင်းတွေပါကိုက်အောင် စဥ်းစားပေမယ့်အဖြေမထွက်ပေ။
ထို့ကြောင့် မျက်လုံးလေးမှိတ်ကာ ငြိမ့်ငြိမ့်လေးသွားနေတဲ့ဝေါယာဥ်ပေါ်မှာ အိပ်ပြီးလိုက်သွားလေသည်။

၀မ်ချီနိုးလာတော့ ဝေါယာဥ်က ၀မ်အိမ်တော်ဂိတ်၀ကိုတောင်ရောက်နေပြီဖြစ်သည်။
ရှောင်ရွှမ်းဇီက ၀မ်ချီဝေါယာဥ်ပေါ်မှဆင်းရန်ကူညီပေးပြီး လူတစ်စုကဂိတ်၀မှာရပ်စောင့်နေကြသည်။
၀မ်ချီကြည့်လိုက်တော့ ထိုအုပ်စုထဲမှာ၀မ်မိသားစုတွေ တစ်ယောက်မှမပါဘဲ အကုန်လုံးအစေခံတွေချည်းသာဖြစ်သည်။

မီးခိုးရောင်အ၀တ်အစားနဲ့ လူအုပ်အလယ်မှာရပ်နေတဲ့ သက်လတ်ပိုင်းအရွယ်လူကြီးက ၀မ်အိမ်တော်ထိန်းဖြစ်သည်။
၀မ်ချီနန်းတော်ထဲမ၀င်ခင် ထိုလူကြီးကို၀မ်ချန်းချင်ရဲ့စာကြည့်ခန်းရှေ့မှာဆုံဖူးသည်။
ထိုအချိန်က ၀မ်ချီမှာအပယ်ခံသားလေးဖြစ်တာကြောင့် ထိုလူကြီးကသူ့ကိုအဖက်တောင်မလုပ်ပေ။

အခုတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီလေ။
ရှောင်ရွှမ်းဇီနဲ့ကုန်းကုန်းလေး၂ယောက်ခြံရံပြီး အိမ်ရှေ့စံချီးမြှင့်ထားတဲ့ ဝေါယာဥ်စီးကာ ၀မ်အိမ်တော်ပြန်လာတဲ့၀မ်ချီကို လမ်းသွားလမ်းလာလူတွေတင် အာရုံစိုက်နေတာမဟုတ်ဘဲ မောက်မာတဲ့အိမ်တော်ထိန်းတောင် မချိပြုံးလေးပြုံးကာ ထွက်ကြိုနေရသည်။

"ပထမသခင်လေး ပြန်လာပြီလား...."
အိမ်တော်ထိန်းက ကပျာကယာပုံစံနဲ့
"အိမ်တော်ထဲ အမြန်၀င်ပါဦး"

၀မ်ချီနဲ့၀မ်လျန်က အိမ်တော်အတွင်းမှာပဲကြီးပြင်းလာတာကြောင့် အပြင်ထွက်ရမှာစိုးရွံ့ကြကာသူတို့ကိုမြင်ဖူးတဲ့အပြင်လူ သိပ်မရှိပေ။
အခုတော့ အစေခံတစ်အုပ်ရှိနေတဲ့အပြင် နန်းတွင်းမှကုန်းကုန်းတွေလည်းရှိနေတာကြောင့် ၀မ်ချီရဲ့သရုပ်မှန်ပေါ်သွားမှာကို အိမ်တော်ထိန်းကထိတ်လန့်နေသည်။
ထို့ကြောင့် လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့ပုံစံနဲ့ အိမ်တော်ထဲအမြန်၀င်ရန်တိုက်တွန်းလိုက်သည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now