Chapter-{20.1}

4.8K 849 51
                                    

Unicode

စစ်ဆေးမေးမြန်းခြင်း

နောက်တနေ့ ၀မ်ချီအစောကြီးအိပ်ရာထကာ နာရီ၀က်လောက် သေချာဂရုတစိုက် တကိုယ်ရေသန့်ရှင်းရေးလုပ်ပြီးနောက် အင်ပါယာဘုရင်မင်းမြတ်နဲ့တွေ့ရန် အဆင်သင့်ပြင်ထားလိုက်သည်။
သူခြံ၀င်းထဲကိုထွက်လိုက်တာနဲ့ ရှီးရယ်နဲ့ကျူးကုန်းကုန်းကိုတွေ့ရလိမ့်မယ်လို့မထင်ထားပေ။
သူတို့ဘေးမှာတော့ ရော့ဖန်း၊ရော့ထောင်နဲ့ဖျင်အန်းတို့က တကိုယ်လုံးတုန်ရီကာ ခေါင်းငုံ့ပြီးရပ်နေကြသည်။

၀မ်ချီတယောက်မြင်မြင်ချင်း လိပ်ပြာလွင့်တော့မတတ် ကြောက်လန့်သွားသည်။
ရှီးရယ်က မိုးပြာရောင်၀တ်ရုံကို၀တ်ထားပြီး ခါးမှာတော့ ကျက်သရေရှိတဲ့သလင်းကျောက်အရောင် ၀ါးရွက်လေးသဏ္ဍာန်ကျောက်စိမ်းဖြူပြားလေးချိတ်ထားပြီး ဆံပင်တွေကိုကျောက်စိမ်းဖြူဆံထိုးနဲ့ နဖူးပြင်မှာ ဆံခြည်တမျှင်မကျအောင် သေသပ်စွာထုံးဖွဲ့ထားသည်။

ထိုမျက်နှာတခြမ်းမှ အမာရွတ်တွေကိုသာလျစ်လျူရှုလိုက်မယ်ဆိုရင် ရှီးရယ်မျက်နှာကဘယ်လိုတောင်ချောမောခန့်ညားကြောင်း တွေးကြည့်လို့ရသည်။
တကယ်တော့ ရှီးရယ်ကခေါင်းလေးစောင်းကာ မနီးမဝေးဆီမှ ဂန္ဓာမာအရိုင်းပန်းကိုကြည့်နေသည်။
၀မ်ချီရဲ့ခြေသံကိုလည်းကြားရော သူကဖြေးဖြေးချင်း၀မ်ချီဘက်ကိုခေါင်းလှည့်လာပြီး အေးစက်စက်အကြည့်နဲ့ကြည့်လာသည်။

၀မ်ချီက ထိုနေရာမှာပဲရပ်တန့်သွားပြီးနောက်
"အိမ်ရှေ့စံ အရှင့်သား"
ရှီးရယ်က အသံတချက်ပြုကာ ခွေးလေးကိုလက်ယပ်ခေါ်သလိုခေါ်လိုက်ပြီး
"ဒီကိုလာ"

၀မ်ချီကတော့ လိပ်တကောင်လိုနှေးကွေးတဲ့ခြေလှမ်းတွေနဲ့ ရှီးရယ်ဆီကိုသွားလိုက်ကာ ၂ယောက်ကြားအကွာအဝေးက ခြေလှမ်းတ၀က်စာလောက်သာကျန်တော့သည်။

ထိုအခိုက် ရှီးရယ်သူ့ကိုစိုက်ကြည့်နေတဲ့အကြည့်တွေက နက်ရှိုင်းလှတဲ့ရေကန်ကြီးတစ်ကန်အလားပင်။
၀မ်ချီကကြောက်လန့်စွာနဲ့ ခြေထောက်တွေပျော့ခွေသွားပြီး မြေကြီးပေါ်ဒူးထောက်ချလိုက်သည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now