Chapter-{8.2}

5.2K 904 12
                                    

Unicode

အ၀တ်တွေချွတ်လိုက်

၀မ်ချီရှော့ရနေမှုကြောင့် စကားတောင်မပြောနိုင်ပေ။
ကြမ်းပြင်ပေါ်မှငွေအပ်တွေကိုသာကြည့်နေပြီး ခဏအကြာမှအသိပြန်၀င်လာသည်။

"အာ့ဆို...​အဲ့တာက..."

"ကိုယ်တော်သာ သတိလွတ်ပြီးဂရုမစိုက်မိဘူးဆိုရင် အဲ့ဒီအပ်တွေကြောင့်ကိုယ်တော်သေသွားလောက်ပြီ"
ရှီးရယ်၏အသံက သူနဲ့မဆိုင်တဲ့ကိစ္စကိုပြောနေသလို ပေါ့ပါးလွန်းလှသည်။
"ဒါဆို ယွဲ့ရှန်းက....."

ရှီးရယ်က စကားပြောတာရပ်လိုက်ပြီး၀မ်ချီကိုရှင်းမပြနိုင်တဲ့အမူအရာနဲ့ကြည့်လိုက်သည်။
၀မ်ချီကဘယ်လောက်ပဲတုံးအနေပါစေ ယွဲ့ရှန်းအရှေ့နန်းဆောင်ဆီအခစား၀င်ပြီး အိမ်ရှေ့စံအနားကို ရည်ရွယ်ချက်ရှိရှိချဥ်းကပ်နေကြောင်းကိုတော့ နားလည်သေးသည်။

ယွဲ့ရှန်းရဲ့ရည်ရွယ်ချက်က အိမ်ရှေ့စံကိုသတ်ဖို့ပင်...
အရှေ့နန်းဆောင်မှာ ကိုယ်လုပ်တော်မြောက်မြားစွာရှိပြီး အဲ့ထဲမှ၂ယောက်ကတော့ အိမ်ရှေ့စံကိုသတ်မယ့်ရည်ရွယ်ချက်တွေ ဘူးပေါ်သလိုပေါ်သွားလေပြီ...
မဟုတ်သေးဘူး....ဒီ ၂ယောက်နဲ့တင်ပြီးဆုံးသွားမှာ မဟုတ်လောက်ဘူး....

ကြမ်းပြင်ပေါ်မှာဒူးထောက်ခေါင်းငုံ့နေကြတဲ့ ကုန်းကုန်းများနဲ့ အစေခံများကတော့တိတ်ဆိတ်နေဆဲ။

"အခု ကိုယ်တော့်ကိုပြောစမ်းပါဦး"
ရှီးရယ်၏အသံက ပုံမှန်လိုပဲ
"ကိုယ်တော့်နားမှာနေရင် လုံခြုံမယ်လို့ထင်တုန်းပဲလား"

၀မ်ချီငြိမ်သက်နေသည်။
ဒီလိုဗီလိန်ကြီးအနားမှာ အန္တရာယ်တွေ၀ိုင်းနေမယ်ဆိုတာ ၀မ်ချီမထင်ထားခဲ့ပေ။
မူရင်း၀တ္ထုထဲတွင် ၀မ်ချီနဲ့အိမ်ရှေ့စံတို့အကြောင်း သိပ်ဖော်ပြထားခြင်းမရှိပေ။
သူသိရသလောက် ရှီးရယ်ကထီးနန်းကိုအောင်မြင်ချောမွေ့စွာဆက်ခံနိုင်မည်ဖြစ်ပြီး ထီးနန်းမရခင်ကာလစပ်ကြား ဘာအန္တရာယ်မှမကြုံဘူးဆိုတာပင်။

အခုကျ ရှီးရယ်ကဘာလို့ သူ့ကိုအဲ့လိုစကားပြောရတာတုန်း...
နောက်တော့ ဖျင်အန်းပြောတဲ့ ရှီးရယ်က၀မ်ချီအပေါ်ကိုအထူးတလည်ဆက်ဆံပေးတယ်ဆိုတာ သတိရသွားသည်။
၀မ်ချီ အရင်ကသတိမထားမိပေမယ့် အခုတော့အနဲငယ်သိလာသလိုလို...
အခြားလူတွေနဲ့ယှဥ်ရင် သူ့အပေါ်ကိုရှီးရယ်၏ပြုမူဆက်ဆံပုံတွေက တမူထူးခြားလွန်းသည်လေ....

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now