Chapter-{14.1}

5K 859 54
                                    

Unicode

လျှို့၀ှက်ချက်များ

သွားပြင်ဆင်ထားဆိုကာမှ ၀မ်ချီ့မှာ ဘာမှပြင်ဆင်စရာမရှိဘူးလေ။
မူလပိုင်ရှင်က အရမ်းမွဲတေတဲ့သူလေ။
သူအရှေ့နန်းဆောင်ဆီလာတုန်းက ဘာပစ္စည်းများများစားစားမှမပါလာတာကြောင့် အခုခဏအိမ်ပြန်တော့လည်း ဘာမှသိပ်ယူသွားစရာမရှိဘူးလေ။

နောက်တနေ့မနက် ၀မ်ချီနိုးလာတော့ ရော့ထောင်ကကိတ်မုန့်အနဲငယ်ကို စားစရာဘူးတွေထဲပြင်ဆင်ထည့်ပေးထားသည်။
ကိတ်မုန့်တွေက မနေ့ညကရော့ထောင်နဲ့ရော့ဖန်းတို့၂ယောက်အတူလုပ်ထားကြတာဖြစ်ပြီး မကြီးလွန်း မသေးလွန်းတဲ့လေးထောင့်ပုံစံလေးတွေဖြတ်ကာ ပြင်ဆင်ထားခြင်းဖြစ်သည်။

ကိတ်မုန့်ပေါ်တင်ထားတဲ့ခရင်မ်ပုံစံက သိပ်မသေသပ်ပေမယ့်လည်း သရက်သီးစိတ်လေးတွေကိုကိတ်မုန့်ပေါ်မှာစီရီအလှဆင်ထားပုံက တမျိုးတမည်ကြည့်ကောင်းနေသည်။
ရော့ထောင်နဲ့ရော့ဖန်းက ၀မ်ချီနန်းတော်ထဲမှထွက်တာကို သိပ်စိတ်ချပုံမပေါ်ပေ။
ဖျင်အန်းကတော့ ထိုမိန်းကလေး၂ယောက်လို ကျီကျီကျာကျာလုပ်မနေတော့ဘဲ ၀မ်ချီကိုဦးညွှတ်လိုက်ပြီး သူ့အနောက်မှာရပ်နေလိုက်သည်။

အရင်ကဆို ၀မ်ချီကဖျင်အန်းနဲ့ရော့ထောင်ကြားမှာ တစ်ခုခုမကျေလည်တာရှိမှန်းမသိခဲ့ပေ။
အခုသူအနဲငယ်သတိထားကြည့်တော့မှ ဖျင်အန်းကရော့ထောင်နဲ့ပတ်သက်လာရင် ထူးဆန်းနေသည်။
ရော့ထောင်စကားပြောနေရင် သူကအနောက်ဆုတ်ပြီး တိတ်တိတ်လေးနေလေ့ရှိသည်။

ရော့ထောင် ၀မ်ချီအနားမှာရှိနေရင်ဖျင်အန်းကတည်ငြိမ်စွာနဲ့ရပ်နေတတ်သည်။
ရော့ထောင်ကတော့ ကလေးမလေးလိုကျီကျီကျာကျာနဲ့ စကားတွေတ၀ကြီးပြောနေတတ်သည်။

ရော့ထောင်ရဲ့ကြယ်ပွင့်တွေလိုတလက်လက်တောက်ပနေတဲ့ မျက်၀န်းတစ်စုံက ၀မ်ချီကိုမပြောပြတတ်တဲ့စိတ်အားထက်သန်မှုတွေနဲ့ပျော်ရွှင်မှုတွေရောပြွန်းကာ စိုက်ကြည့်လေ့ရှိသည်။
ရော့ထောင်က ချစ်ဖို့ကောင်းတဲ့ကောင်မလေးဆိုတာကိုတော့ ၀မ်ချီ၀န်ခံပါသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now