Chapter-{16.1}

4.7K 828 4
                                    

Unicode

သိက္ခာမဲ့ခြင်း

၀မ်လျန်က ၀မ်ချီခေါ်လိုက်တဲ့နာမ်စားကြောင့်ခဏတာတိတ်ကျသွားပြီးနောက် ဖျစ်ညစ်ပြုံးပြလိုက်ကာ
"အခုတလောအဆင်ပြေရဲ့လား"

၀မ်ချီက ခပ်တည်တည်ပဲ
"သိပ်တော့ပြေမနေဘူး"

၀မ်လျန်-"......"

၀မ်ချီက စကားကိုတိခနဲပြတ်ပြတ်သားသားပဲပြောနေတော့ ၀မ်လျန်လည်းဘာဆက်ပြောရမှန်းမသိဘဲ ဆွံ့အနေသည်။
ဒါပေမယ့် ၀မ်ချီတစ်ယောက်လောလောဆယ်စိတ်ကြည်မနေတဲ့အပြင် ၀မ်လျန်ကိုတွေ့တိုင်းလည်းအပြစ်တင်ချင်စိတ်တွေတဖွားဖွားပေါ်နေသည်။

၀မ်လျန်ကြောင့်သာမဟုတ်ရင်၊အဲ့ ကြား၀င်နှောင့်ယှက်တဲ့ သောက်Systemကြောင့်သာ မဟုတ်ရင် ၀မ်ချီလည်းထိုအရှေ့နန်းဆောင်မှာ ဘုရားတ,ရင်းနေနေရမှာမဟုတ်ဘူး။
ဒါကဇာတ်ကြောင်းကြောင့်ဆိုတာကို ၀မ်ချီသိပေမယ့်စိတ်ပျက်မိသည်။
၀မ်လျန်ကိုမမြင်ရရင်အဆင်ပြေပေမယ့် တွေ့တဲ့အခါကျရင် ပါးတွေချည်းရိုက်ပစ်လိုက်ချင်သည်။

"၀မ်လျန် အကိုကြီးလည်းအိမ်ရှေ့စံရဲ့ဒေါသကိုသိတယ်မလား...ကျွန်တော့်လို သူ့အနားမှာခစားနေရတဲ့သူအနေနဲ့ သိပ်အဆင်ပြေနေမယ်လို့ထင်လား"

ထိုစကားကိုကြားတော့ ၀မ်လျန်မျက်နှာဖြူဖျော့သွားကာ မျက်ရည်ဥကြီးတွေ၀ဲလာပြီး မငိုအောင်ထိန်းထားရတဲ့လေသံနဲ့
"တောင်းပန်ပါတယ် ညီလေးရယ်...အားလုံးက အကိုကြီးအမှားတွေပါ...အကိုကြီးမှာဆန့်ကျင်နိုင်စွမ်းမရှိလို့ ကိုယ့်ညီလေးကိုတောင်မကာကွယ်နိုင်တဲ့သူပါ..."

၀မ်ချီကတော့ ထိုစကားလုံးတွေကိုငြီးငွေ့လာပြီး
"အိမ်ရှေ့စံအနားမှာ ခစားရတာကိုခဏထား...အရေးကြီးဆုံးက အိမ်ရှေ့စံအပါအ၀င် နန်းတော်တစ်ခုလုံးက ကျွန်တော့်သရုပ်မှန်ကိုမသိကြသေးဘူး...ကျွန်တော်သာ ၀မ်ချီဆိုတာကိုသိသွားတဲ့တစ်နေ့ ကျွန်တော်တင်မဟုတ်ဘဲ ၀မ်မိသားစုတစ်စုလုံး အသေပဲ"

"ဘယ်လို...."
၀မ်လျန်ကြောင်အနေပြီးမှ လျင်မြန်စွာနဲ့
"ညီလေး မင်းနဲ့အကိုကြီးတို့ရဲ့သရုပ်မှန်ကအရမ်းအရေးကြီးတယ်...ဒီအကြောင်းကို အခြားလူတွေမသိအောင် အကိုကြီးတို့ထိန်းသိမ်းထားရမယ်...မဟုတ်လို့ကတော့ အကိုကြီးမိဘတွေအပြင် တစ်မိသားစုလုံး..."

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now