Chapter-{10.2}

5.3K 919 27
                                    

Unicode

ရှော့ခ်ရခြင်း

၀မ်ချီကအန်ထွက်မတတ်စားပြီးပြီဆိုပေမယ့် နောက်ထပ်ရောက်လာတဲ့မုန့်တွေကိုလည်း မငြင်းဆန်ရဲပေ။
ရှီးရယ်က ၀မ်ချီအန်ထွက်တော့မလိုအမူအရာနဲ့ မုန့်တွေကိုကြိတ်မှိတ်မျိုချနေတာမြင်ပြီး ပျော်နေပုံရသည်။

၀မ်ချီစားနေတာကိုရပ်ခိုင်းဖို့ အစီအစဥ်လည်းမရှိပေ။
၀မ်ချီကတော့ စားပိုးနင့်ပြီးသေတာနဲ့ အိမ်ရှေ့စံဒေါသကြောင့်သေတာ ရဲ့သေခြင်းတရား၂မျိုးကြား ညပ်နေသည်။

ထို့နောက် ၀မ်ချီက သူ့ရှေ့မှမုန့်တစ်၀က်လောက် ကျန်နေသေးတဲ့ပန်းကန်ကိုတွန်းလိုက်ပြီး အော့ခနဲအသံမြည်သွားကာ သူ့လက်ခုံနဲ့ပါးစပ်ကိုပိတ်လိုက်ပြီး
"ကျွန်တော်မျိုး ထပ်မစားနိုင်တော့ဘူး"

ရှီးရယ်ကစိတ်မဆိုးဘဲ ထူးဆန်းတဲ့လေသံနဲ့
"မင်းမကြိုက်ဘူးလား"
၀မ်ချီနဖူးပေါ်တွင် မဲမှောင်နေတဲ့အရိပ်အယောင်များပြည့်နှက်သွားပြီး
"ကျွန်တော်မျိုးကြိုက်ပါတယ်..ဒါပေမယ့် တော်သင့်ရုံပဲပေါ့...ကျွန်တော်မျိုးကြိုက်တယ်ဆိုတိုင်း တထိုင်တည်းစားနိုင်တယ်လို့ဆိုလိုတာမဟုတ်ဘူးလေ"

၀မ်ချီစကားဆုံးသွားတော့ ကျူးကုန်းကုန်းရဲ့စူးရှတဲ့အသံထွက်ပေါ်လာသည်။
"အတင့်ရဲလိုက်တာ"
၀မ်ချီထိတ်လန့်မှုကြောင့် တုန်သွားပြီးခုနကသူပြောလိုက်မိတဲ့လေသံကို ပြန်စဥ်းစားမိကာ မျက်နှာလေးဖြူလျော်သွားပြီး ထိုင်နေရာမှချက်ချင်းဒုန်းခနဲ ဒူးထောက်ချလိုက်သည်။

"ကျွန်တော်မျိုး အတင့်ရဲမိသွားပါတယ်...အရှင့်သား ကျွန်တော်မျိုးကိုအပြစ်ပေးတော်မူပါ"

"၀မ်လျန် မောင်မင်းအတင့်ရဲလိုက်တာ...အရှင့်သားကို ဒီလိုပမာမခန့်လေသံနဲ့ပြောရဲတယ်ပေါ့"

ကျူးကုန်းကုန်းက ဒေါသသံနဲ့
"တစ်ယောက်ယောက် လာခဲ့စမ်း"
ကုန်းကုန်းလေး၂ယောက် ရောက်လာတော့
"ဒီလူ့ကို ချုပ်ထားလိုက်"

"ဟုတ်"
ကုန်းကုန်းလေး၂ယောက်က ၀မ်ချီကိုလက်မောင်းတစ်ဖက်တစ်ချက်ကိုင်ကာ ကြမ်းပြင်ပေါ်မှ ဆွဲမ,လိုက်သည်။
ကုန်းကုန်း၂ယောက် ဘယ်လိုတောင်အားသန်လဲမသိ၊၀မ်ချီကိုဆွဲထူလိုက်စဥ် ၀မ်ချီမရုန်းနိုင်အောင်အားကုန်သုံးထားခြင်းဖြစ်သည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now