Chapter-{9.1}

5.2K 875 3
                                    

Unicode

ဒုက္ခများ

၀မ်ချီက ၀ါးရုံတောအဆောင်ကိုပြန်ရောက်တော့ တနေ့လည်လုံးအလုပ်ရှုပ်နေတဲ့ ရော့ဖန်းနဲ့ ရော့ထောင်ကသစ်သီးကိတ်မုန့်တောင်လုပ်ပြီးနေပြီဖြစ်သည်။

ကိတ်မုန့်ပုံစံက သိပ်မလှပေမယ့် ရှေးခေတ်မှာကိတ်မုန့်လုပ်တဲ့စက်ပစ္စည်းတွေမရှိတာကြောင့် ဒီအခြေအနေလောက်ရတာကိုကမဆိုးဘူးလို့ပြောရမည်။

"သခင်လေး၀မ်"

ရော့ထောင်နဲ့ ရော့ဖန်းတို့မျက်နှာတွင် ဂျုံမှုန့်တွေပေကျံနေပေမယ့် ၂ယောက်လုံးငှက်ကလေးတွေလို ကျီကျီကျာကျာနဲ့
"သခင်လေး ဘယ်လိုနေလဲဆိုတာမြည်းကြည့်ပါဦး"

၀မ်ချီကိတ်မုန့်ကိုမြည်းကြည့်လိုက်ပြီး
"နောက်တခါ နွားနို့ထဲကိုသကြားခဲပိုထည့်လိုက်"
ရော့ထောင်က မျက်မှောင်ကျုံ့လိုက်ပြီး
"ဒါပေမယ့် သခင်လေး၀မ် ကိတ်မုန့်ကချိုနေပြီလေ"
၀မ်ချီက
"အဆင်ပြေတယ်...ထည့်လိုက်"

ထိုစကားကိုကြားတော့ ရော့ထောင်နဲ့ရော့ဖန်းက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေပေမယ့် ဘာမှတော့မပြောပေ။
ညစာစားပြီးတော့ ၀မ်ချီအိပ်ငိုက်လာသည်။

၀မ်ချီ အိမ်ရှေ့စံ၏စာကြည့်ခန်းမှာ ၂နာရီလောက်သာနေခဲ့ရပေမယ့် သူကိတ်မုန့်မရရအောင်လုပ်ခဲ့တဲ့ရက်တွေထက်တောင် ပိုပင်ပန်းနွမ်းနယ်နေသည်။

ထို့နောက် မျက်လုံးမှိတ်လိုက်တာနဲ့ တချိုးတည်းအိပ်ပျော်သွားသည်။
နောက်နေ့ရောက်တော့ ကိတ်မုန့်ကိုကြိုးစားပမ်းစားဆက်လုပ်နေပြန်သည်။
မနေ့ကရှက်ဖို့ကောင်းတဲ့ဖြစ်ရပ်ကြောင့် အိမ်ရှေ့စံသူ့ကို စာကြည့်ခန်းဆီအခေါ်လွှတ်တော့မှာမဟုတ်ဘူးလို့၀မ်ချီတွေးလိုက်မိသည်။

ကြည့်ရတာ ထိုရှက်ဖွယ်လိလိဖြစ်ရပ်မှာရှက်နေသူက သူပဲဖြစ်ပြီး အိမ်ရှေ့စံပါပုံမရပေ။
ကျူးကုန်းကုန်းက မနေ့ကလိုခြံ၀န်းထဲမှာရပ်နေတာမြင်တော့ ၀မ်ချီခေတ္တကြောင်သွားပြီးမှ ကျူးကုန်းကုန်းအနောက်ကိုလိုက်သွားဖို့ပြင်ရသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now