Chapter-{24.3}

3.4K 616 25
                                    

Unicode

နန်းတော်အပြင်သို့ထွက်ခြင်း

၀မ်ချီအတွေးမဆုံးသေးခင်မှာပဲ  ရှီးရယ်ဘက်ကလှုပ်ရှားမှုပြုလာသည်။
သူ့ရဲ့အမူအရာမဲ့တဲ့အကြည့်တွေက မြေပေါ်ဒူးထောက်နေတဲ့ကျန်းချိုက်ဟွေ့ဆီ ရောက်သွားကာ နှုတ်ခမ်းစွန်းတွေအနဲငယ်ကော့တက်သွားပြီး
"ကိုယ်တော်က မင်းကိုကာကွယ်ပေးလိုက်တယ်လို့ ထင်နေတာလား"

ကျန်းချိုက်ဟွေ့စိတ်ထဲတွင် တကယ်လည်းထိုသို့ထင်နေပေမယ့် သူမပါးစပ်ကတော့ ထုတ်မပြောရဲပေ။
ထို့ကြောင့်လည်း သူမက
"ကျွန်တော်မျိုးမ မထင်ရဲပါဘူး"

ရှီးရယ်က မေးအနဲငယ်မော့ကာ ကျီစယ်သလိုအမူအရာနဲ့
"ဘာကိုမထင်ရဲတာလဲ...မင်းမျက်နှာမှာ မင်းအတွေးတွေအကုန် ပေါ်နေရဲ့သားနဲ့"

ရှီးရယ်က ကျန်းချိုက်ဟွေ့မျက်နှာကိုစိုက်ကြည့်ပြီး တဖန်ကျီစယ်လိုတဲ့အမူအရာနဲ့
"ကံမကောင်းတာက မင်းအတွေးလွန်နေတာပဲ"

"....."
ကျန်းချိုက်ဟွေ့မျက်၀န်းထဲမှ မျှော်လင့်ချက်တွေမှေးမှိန်သွားသည်။

"ကိုယ်တော့်အမြင်မှာ မင်းက ကိုယ်တော့်လမ်းကိုလာပိတ်နေတဲ့သူတွေထဲက တစ်ယောက်သာသာပဲ....မင်းအနေနဲ့ သူတစ်ပါးကိုမရှင်းပစ်နိုင်ပေမယ့် ကိုယ်တော့်ရှေ့မှာ သူ့ကိုကိုယ်တော်စိတ်ပျက်သွားအောင်ပြောဆိုအော်ဟစ်မယ်...ကိုယ်တော်က မင်းလိုအဖိုးမတန်တဲ့ဘ၀ကိုဂရုစိုက်မယ်လို့ထင်နေလား"

ရှီးရယ်က ကျန်းချိုက်ဟွေ့ကိုတချက်မှအကြည့်မလွှဲဘဲ စူးစိုက်ကြည့်ကာ စကားကိုဖြေးဖြေးချင်းပြောနေပေမယ့် စကားလုံးတိုင်းက ကျန်းချိုက်ဟွေ့ရဲ့နှလုံးသားကို မမြင်ရတဲ့ကြိုးနဲ့တင်းကျပ်စွာရစ်ပတ်ခံနေရသလိုပင်။
ခုနလေးတင်စိတ်လှုပ်ရှားနေတဲ့ကျန်းချိုက်ဟွေ့ခမျာ အေးခဲတောင့်တင်းသွားသည်။

သူမရှော့ရနေရုံမကဘဲ ရင်ထဲအသဲထဲထိ အရှက်ရသွားသည်။
ရှီးရယ် ဘာမှမလုပ်တာတောင် ပြောလိုက်တဲ့စကားလုံးလေးတွေနဲ့တင် သူမမျက်နှာကိုတဖြန်းဖြန်းအရိုက်ခံလိုက်ရသလို ခံစားနေရသည်။
ထို့နောက် ရှီးရယ်စိတ်မရှည်ဖြစ်လာကာ မျက်မှောင်ကျုံ့လိုက်ပြီး
"ထွက်သွား"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now