Chapter-{19.2}

5.8K 965 48
                                    

Unicode

ရန်သူ

ရှီးရယ်က ၀မ်ချီရဲ့တန်ပြန်ရွဲ့လိုက်တဲ့စကားကြောင့် ရှော့ရသွားပုံပင်...
အချိန်အတော်ကြာမှ လက်ယမ်းလိုက်ပြီး
"ကျူးရှန့်ဆီမှာ အ၀တ်အစားသွားယူလိုက်"

ထိုစကားဟာ ရှီးရယ်သူ့ကိုလွတ်ပေးလိုက်ပြီဖြစ်ကြောင်း ၀မ်ချီသိလိုက်သည်။
သူစိတ်သက်သာရာရသွားကာ ရင်ထဲအလွန်ပျော်သွားပေမယ့် အပြင်မှာတော့မထုတ်ပြပေ။
သူနှုတ်ခမ်းကိုတင်းတင်းစေ့ပြီး ဦးညွှတ်လိုက်ကာ
"ဟုတ်ကဲ့"

ဒါပေမယ့် သူထွက်မသွားခင် ရှီးရယ်ကသူ့ကိုစကားထပ်ပြောလာသည်။
"ကိုယ်တော် သရက်သီးမကြိုက်ဘူး"

၀မ်ချီက ရှီးရယ်ဆိုလိုတာကိုနားလည်လိုက်ပြီး ကံကောင်းသလိုခံစားလိုက်ရသည်။
သူ့ရဲ့ကိတ်မုန့်လုပ်တတ်တဲ့အရည်အချင်းက သူ့ကိုကယ်တင်သလိုဖြစ်သွားပြီး
"အရှင့်သား ဘယ်သစ်သီးမျိုးစားချင်ပါသလဲ...ကျွန်တော်မျိုး အဲ့တာတွေအကုန်ကိတ်မုန့်မှာ ထည့်လိုက်ပါမယ်"

ရှီးရယ်က မျက်မှောင်ကျုံ့လိုက်ပြီး
"ကိုယ်တော် ဒီလောက်ရှင်းအောင်ပြောနေတာတောင် နားမလည်သေးဘူးလား"

၀မ်ချီတစ်ယောက် ကျောမှာချွေးတွေပြိုက်ခနဲကျလာသည်။
ကံကောင်းချင်တော့ ရှီးရယ်ကသူ့ကိုအပြစ်ရှာမနေတော့ဘဲ
"ကိုယ်တော် ဘယ်သစ်သီးမှမကြိုက်ဘူး"

၀မ်ချီကအမြန် 'ဟုတ်ကဲ့' လို့ပြောပြီး စာကြည့်ခန်းထဲမှချော်လဲတော့မတတ်ထွက်လာသည်။
သူစာကြည့်ခန်းအပြင်ဘက်ရောက်တော့ ကျူးကုန်းကုန်းတို့ရပ်စောင့်နေကြပြီး ၀မ်ချီကိုအကောင်းပကတိပြန်တွေ့ရတော့.....မဟုတ်သေးပါဘူး...အပေါ်ပိုင်းအ၀တ်တွေစုတ်ပြဲကာထွက်လာတဲ့၀မ်ချီကိုတွေ့တော့ အကုန်လုံးပါးစပ်အဟောင်းသားနဲ့အံ့သြသွားစိတ်ကိုမထိန်းနိုင်တော့ဘဲ ကျူးကုန်းကုန်းတောင်မှ ၀မ်ချီကိုခြေဆုံးခေါင်းဆုံးအကြိမ်ကြိမ်ကြည့်နေသည်။

၀မ်ချီက အိမ်ရှေ့စံပြောလိုက်တဲ့စကားကို ထပ်တလဲလဲပြန်ပြောလိုက်တော့မှ ကျူးကုန်းကုန်းအသိ၀င်လာပြီးပျာယာခတ်စွာနဲ့
"သခင်လေး၀မ် ဒီဘက်ကိုလာပါ"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now