Chapter-{13.2}

5K 874 44
                                    

Unicode

အလောင်းအစားလုပ်ခြင်း

အိမ်ရှေ့စံကဘာမှမပြောတော့ စာကြည့်ဆောင်ထဲမှာရှိနေတဲ့သူအားလုံးလည်း ပါးစပ်မဟရဲကြပေ။
၀မ်ချီစကားတွေကိုကြားတော့ ကျူးကုန်းကုန်းစိတ်ထဲသက်ပြင်းခိုးချလိုက်သည်။

ဒီသခင်လေး၀မ်က ရိုးသားနုံအပြီး သူတပါးကိုမတိုက်ခိုက် ချောက်မချတတ်ပေမယ့် ငတုံးတစ်ယောက်ပဲ...
အရှင့်သားကို ဘယ်လိုမျိုးထင်နေပါလိမ့်...
အိမ်ရှေ့စံအရှင့်သားက အနာဂတ်ဘုရင်အလောင်းအလျာလေ...
အရှင့်သားမမြင်ဖူး မတွေ့ဖူးတဲ့ရှားပါးရတနာ ပစ္စည်းမျိုး ရှိနိုင်ပေမယ့် အဲ့လိုတောင်ပို့လိုလို ကိတ်မုန့်လိုလိုအရာကြောင့် အံ့သြပြီးစိတ်လှုပ်ရှားသွားမယ်လို့ထင်နေလား...

အစေခံတွေကို အရသာရှိတဲ့မုန့်နှစ်အချိုလုပ်ခိုင်းလိုက်ရင်တောင် အရှင့်သားက အသက်ချမ်းသာပေးချင်ပေးလိမ့်မယ်...
သနားစရာပဲ...

ကျူးကုန်းကုန်းက ဘေးမှကုန်းကုန်းလေးကို ကိတ်မုန့်ထည့်ထားတဲ့ပန်းကန်ပြားနဲ့ စားစရာဘူးကိုဖယ်ရှားလိုက်ဖို့ ပြောရန်ပြင်လိုက်သည်။
သူမပြောရသေးခင်မှာပဲ ရှီးရယ်က ဇွန်းကိုယူကာကိတ်မုန့်ကိုသေးသေးလေးဖဲ့ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။

ကျူးကုန်းကုန်းတစ်ယောက် ဒါကိုမြင်ပြီးမျက်လုံးတွေအပြင်ထွက်ကျတော့မတတ် ပြူးထွက်လာသည်။
သူမှားမြင်မိသလားလို့တောင်ထင်သွားပြီး မျက်လုံးတွေကိုပွတ်သပ်လိုက်သေးသည်။
အမှန်တရားကတော့ သူမှားမြင်တာမဟုတ်ဘဲ အရှင့်သားကတကယ်ကြီး ထိုကိတ်မုန့်ကိုစားနေခြင်းပင်။

"အရှင့်သား"
ကျူးကုန်းကုန်းက ကြောက်လန့်တကြားခေါ်လိုက်ကာ
"ဒီ ဒီကိတ်မုန့်ကို ကျွန်တော်မျိုးမစစ်ဆေးရသေးပါဘူး...အ အရှင့်သား စားလို့မရသေးပါဘူး"

ရှီးရယ်က ကျူးကုန်းကုန်းကိုအေးစက်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး
"ကိုယ်တော်ဘယ်တုန်းက မင်းခွင့်ပြုချက်ရမှ စားခွင့်ရှိသွားတာလဲ"

ထိုစကားကိုကြားတော့ ကျူးကုန်းကုန်းမျက်နှာကဖြူလျော်သွားပြီး နှုတ်ခမ်းကိုကိုက်ကာကျန်တဲ့စကားတွေကို ပြန်မျိုချလိုက်ရသည်။
ရှီးရယ်က ကျူးကုန်းကုန်းကိုအဖက်မလုပ်တော့ဘဲ ကိတ်မုန့်သာတဇွန်းပြီးတဇွန်းခပ်စားနေသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now