Chapter-{21.2}

4.8K 938 106
                                    

Unicode

အပြစ်ရှိခြင်း

ရုတ်တရက် ရှီးရယ်က
"၀မ်ချီ"

၀မ်ချီကလည်းထိတ်လန့်သွားပြီး
"ဟုတ်ကဲ့ အရှင့်သား"

ရှီးရယ်က နှာခေါင်းရှုံ့ပြီး
"မင်းကလေ သူများပြောသမျှလိုက်လုပ်တဲ့ ဦးနှောက်မရှိတဲ့ငတုံးငအပဲ...မင်းကို အရှေ့နန်းဆောင်ဆီ အစားထိုးအနေနဲ့သွားခိုင်းလည်း သွားတာပဲ...ဖြစ်လာမယ့်အကျိုးဆက်တွေကိုရော မင်းတွေးဖူးလား"

၀မ်ချီကတော့ ကြောင်အနေပြီးမှ
"ကျွန်တော်မျိုး အကြိမ်ထောင်သောင်းချီအောင် သေသင့်ပါတယ်"

"ဒီလိုအချိန်မှာတောင်မှ မင်းကသူတို့အတွက်လိုက်ပြောပေးနေသေးတယ်"

ရှီးရယ်က အေးစက်စက်အကြည့်တွေနဲ့
"မင်းက သူတို့အပြစ်တွေကို မင်းအသက်ပေးလိုက်ရုံနဲ့ ကျေသွားမယ်လို့ထင်နေလား...မင်းက ကိုယ့်လုပ်နိုင်စွမ်းကို မသိတဲ့သူပဲ"

၀မ်ချီ-"......"
ငါ မလုပ်ပါဘူး...ငါ မသိဘူးဟ....

"အင်းလေ မင်းလည်းအပြစ်ရှိတာပဲ...မင်းက ၀မ်မိသားစုကိုယ်စား အရမ်းအပြစ်ခံယူချင်နေတယ်ဆိုတော့လည်း ကိုယ်တော်မင်းကိုအပြစ်ပေးရမှာပေါ့"

ထို့နောက် ရှီးရယ်ကလေသံနှေးနှေးမှန်မှန်နဲ့
"မင်းကိုပေးမယ့်အပြစ်ကတော့ မင်းကောင်းကောင်းမွန်မွန်အသက်ရှင်ပြီး ၀မ်မိသားစုကလူတွေ တစ်ယောက်ပြီးတစ်ယောက်သေတာကို သေချာကြည့်ရမယ်...ရှင်ဘုရင်ကိုလိမ်လည်သူမှန်သမျှ ကွပ်မျက်သင့်တယ်"

ထိုအချိန် ဘုရင်မင်းမြတ်ကလည်းအချိန်ကိုက်ပဲ
"အိမ်ရှေ့စံပြောတာ ဟုတ်တယ်"

၀မ်ချီအခုထိတ်လန့်ရှော့ရနေတယ်ဆိုတာက ၀မ်မိသားစုကိုကွပ်မျက်မယ်ဆိုတဲ့ အိမ်ရှေ့စံရဲ့စကားကြောင့်မဟုတ်ပေ။
၀တ္ထုရဲ့ဗီလိန်ဖြစ်တဲ့ ရှီးရယ်က ၀တ္ထုရဲ့ဇာတ်လိုက်shou ၀မ်လျန်ကိုသတ်မယ်လို့ဆုံးဖြတ်လိုက်တာကြောင့်ပင်ဖြစ်သည်။

သူ့ကို ထိုထူးဆန်းတဲ့စွမ်းအင်လိုအရာမျိုးကသာ ထိန်းချုပ်မထားဘူးဆိုရင် ၀မ်ချီအနေနဲ့ ထိုကိစ္စတွေမှာမပါ၀င်ဘဲနေမှာဆိုပေမယ့် Systemအကူအညီရှိနေတဲ့၀မ်လျန်က ဒီလိုမျိုး ရှီးရယ်သတ်တာကိုခံရတော့မှာတဲ့လား....
၀တ္ထုဇာတ်ကြောင်းအရဆိုရင် ဇာတ်လိုက်ကိုဘယ်သူမှမလွန်ဆန်နိုင်ဘဲ ဗီလိန်ရော ဇာတ်ရံပါအသတ်ခံရမှာမလား...

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now