Chapter-{17.2}

4.9K 842 36
                                    

Unicode

နည်းလမ်း

၀မ်ချီထိုစကား​ပြောလိုက်တော့ ၀မ်ချန်းချင်နဲ့သခင်မကြီးရွှီတို့ ၂ယောက်လုံး ရှောင်ရွှမ်းဇီ(ရွှမ်းကုန်းကုန်း)ကိုပြိုင်တူကြည့်လိုက်ကြသည်။
၀မ်ချန်းချင်က အထက်လွှတ်တော်ရဲ့အဆင့်၃ခုမြောက်ဖြစ်တဲ့ ယဥ်ကျေးမှုဒုအမတ်ကြီးရာထူးရထားပေမယ့် ယဥ်ကျေးမှုအမတ်ကြီးရင်းရှန်းရှုက သူ့ကိုအခွင့်အရေးသိပ်မပေးတဲ့အပြင် ရင်းရှန်းရှုလက်အောက်ခံအမတ်တွေကလည်း အများအပြားရှိနေသည်။

ထို့ကြောင့် သူ့ရဲ့အလုပ်လုပ်ဆောင်နိုင်မှုနဲ့ဂုဏ်ထူးဆောင်နိုင်မယ့်အခွင့်အရေးကနည်းပါးလွန်းလှသည်။
ဒီနှစ်တွေအတွင်း သူ့ကိုဂုဏ်တက်စေတဲ့အောင်မြင်မှုတစ်ခုကတော့ အိမ်ရှေ့စံကသူ့သားကိုအလေးထားကာ ချစ်မြတ်နိုးခြင်းပင်ဖြစ်သည်။

အိမ်ရှေ့စံရဲ့မယ်တော်က ကွယ်လွန်သွားပြီဖြစ်တဲ့ ဟွားမိဖုရားခေါင်ကြီးမို့ အိမ်ရှေ့စံဆီမှာ ဟွားမိသားစုကြီးရဲ့နောက်ခံအင်အားရှိတဲ့အပြင် ဘုရင်မင်းမြတ်ကတောင် သူ့ကိုကြောက်ရွံ့နေတာကြောင့် ၀မ်မိသားစုသာ အိမ်ရှေ့စံရဲ့အရေးပေးမှုကိုရပါက အနာဂတ်မှာအမတ်တွေကြားခေါင်းမော့နေနိုင်ပြီဖြစ်သည်။

၀မ်ချန်းချင်တစ်ယောက် စိတ်ကူးထဲမှာအိမ်မက်တွေတလှေကြီးပုံဖော်နေမိသည်။
ထို့နောက် သခင်မကြီးရွှီနဲ့အကြည့်ချင်းစကားပြောလိုက်ကြပြီး ၂ယောက်လုံးရဲ့မျက်၀န်းတွေထဲမျှော်လင့်ချက်တွေပြည့်နှက်နေသည်။

သူတို့အတွေးတွေတောင်မဆုံးသေးခင် ရှောင်ရွှမ်းဇီရဲ့အသံစူးစူးကြီးက အေးစက်စက်ထွက်ပေါ်လာကာ
"အရှေ့နန်းဆောင်ကို ဘယ်ခွေးတွေ၊ကြောင်တွေမဆို ၀င်လို့ရတဲ့နေရာများထင်နေလား....သခင်လေးသာ အိမ်ကိုလွမ်းရင် သူ့အိမ်တော်ကိုပြန်လို့ရတယ်လေ"

၀မ်ချန်းချင်-"...."

သခင်မကြီးရွှီ-"....."

၀မ်ချီကသာ ရှောင်ရွှမ်းဇီဒီလိုပြန်ပြောမှာကို မျှော်လင့်ထားပြီးဖြစ်၍ ၀မ်ချန်းချင်နဲ့သခင်မကြီးတို့ကို မျက်စပစ်လိုက်ပြီး
"သားဘက်ကတော့ ပြောပေးပြီးပြီနော်"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now