(Unicode)Turkey နိုင်ငံ Istanbul မြို့...
မိုးသည်းထန်စွာရွာသွန်းနေသည့် ညလေး။
အထက်တန်းလွှာတစ်စု။လေလံပွဲတစ်ခု။လေလံပွဲ၏ လေလံပစ္စည်းလေးကို စျေးတွေတိုးပေးရင်း အနိုင်ရအောင် ကြိုးပမ်းနေကြသည်။
ထိုပစ္စည်းလေးကတော့ ရှေးဟောင်းပန်းချီကားလေးတစ်ချပ်။သို့သော် ထိုလေလံပွဲလေးစီအာရုံမရှိသည့်
ကောင်လေးတစ်ယောက်။ပေါ့ပေါ့ပျက်ပျက်ပင်။လေလံပွဲကို နိုင်မည်လို့ ယုံကြည်မှုမြင့်မားနေသည်။မျက်နှာထားကအစ ခပ်တည်တည်ပင်။
သူ့ဘေးတွင်တော့ အသက်မပါသည့် ကောင်လေးနောက်တယောက်။လက်သကြွယ်က လက်စွပ်လေး။
စိန်နှစ်ဆယ့်လေးကာရက်။" မွန်းကြပ်နေပြီ...ခနလောက်အပြင်ထွက်လို့ရမလား..."
ခွင့်တောင်းကြည့်တော့...
" မရဘူး..."
ခေါင်းလေးသာငြိမ့်လိုက်ရင်း ပြန်ငြိမ်နေခဲ့သည်။
သူ့ရဲ့အမိန့်ကို ကျနော်မလွန်ဆန်ရဲ။
ကျနော့် ဘဝကို သူပိုင်နေသည်လေ။လေလံနောက်ဆုံး သတ်မှတ်ချက်ရောက်ခါနီး။
နံပါတ်ပြားလေးကို မြောက်လိုက်ရင်း။" လေးရာ ဘီလီယံ..."
သူ့ရဲ့နှုတ်ခမ်းဖြားက နေအများဆုံးစျေးကိုပြောချလိုက်သည်။
တခြားသူတွေမှ တီးတိုးသံတွေထွက်လာခဲ့သည်။"လေးရာဘီလီယံ တစ်ကြိမ်...နှစ်ကြိမ်...သုံးကြိမ်..."
ထက်တိုးပေးမဲ့သူရှိမလာခဲ့။
" လေလံပွဲကို လေးရာဘီလီယံနဲ့ Mr.Park က အနိုင်ရရှိသွားပါပြီ..."
ဂုဏ်ယူသည့်အပြုံးမဟုတ်ပါဘဲနဲ့။
မဲ့ပြုံးတို့က သူ့နှုတ်ခမ်းပေါ်မှာပင်။" ဒီမှာ ခနထိုင်နေ...ကိုယ်ပြန်လာခဲ့မယ်..."
" အင်း..."
ကုန်သည်တစ်ချို့နဲ့ စကားပြောနေသည့် Park Jimin...
မွန်းကြပ်လာတယ်ဒီလိုနေရာတွေကို ကျနော်မနှစ်သက်။
လေလံပွဲပြုလုပ်သည့်နေရာလေးက ခမ်းနားလှသည့်မိုးမျှော်တိုက်ရဲ့အမြင့်ဆုံးနေရာလေး။
YOU ARE READING
Kim:Fall In Love With Criminals (Completed)