Part-24

1.9K 163 17
                                    

(Unicode)

Jimin သူ့ရင်ခွင်ထဲမှာ Van ရဲ့ အညိုရောင်ဆံနွယ်လေးတွေကို နမ်းရှိုက်လေသည်။
အချစ်စစ်မှန်ရင် ပေါင်းဖက်ရစမြဲ ။
ဒီလိုလေးသာ အမြဲနေထိုသ်ခွင့်ရရင် ကောင်းလိမ့်မည်။

အခုဆိုကျနော်က မာဖီယားတစ်ဦးတောင် မဟုတ်တော့ပင်။
ရက်စက်ကြမ်းတမ်းတဲ့ အလုပ်ကို စွန့်လွှတ်ခွင့်ရခဲ့လေပြီ။
Taehyung ရဲ့အကူအညီကြောင့်ပင်။
Jimin ကို အေးဂျင့်ရုံးချုပ်ကိုက ဖမ်းဆီးခြင်းမရှိခဲ့တော့ပေ။
Blind Case အမှုအတွက် ပူးပေါင်းထားခြင်းကြောင့် ကျနော့်ကိာ အခွင့်အရေးတစ်ခုပေးခဲ့သည်။ လူကောင်းအနေနဲ့ ရိုးရိုးသားသားနေထိုင်ဖို့ အတွက်ပေါ့။

" မနက်ဖြန်ဂျာမနီသွားရမယ်...လွမ်းနေဦးမှာပဲ...
ကိုယ်သွားတဲ့အချိန်အတောအတွင်း ဖုန်းခနခနဆက်ရမယ်နော်...မက်ဆေ့တွေလည်းတစ်နေ့ အစောင် ငါးရာလောက်ပို့ရမယ်နော် ကြားလား..."

" စာမဖတ်တတ် မရေးတတ်တဲ့သူကို လာရွှဲ့နေပြန်တာလား JiJi..."

Van မျက်နှာပျက်သွားသည်။
စိတ်မကောင်း ဖြစ်သွားတာပင်။
ငယ်ငယ်လေးကတည်းက စာမတတ်ခဲ့တဲ့ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိသည်။

" အာ...ဟုတ်သား...အသဲကို တမင်ဝမ်းနည်းအောင်လုပ်လိုက်တာမဟုတ်ပါဘူး..."

" ငါစာရေးလည်း မရေးတတ်ဘူး...ဖတ်တတ်ဖို့ဆို
ဝေးလာဝေး...မင်းသိရဲ့နဲ့ ငါ့ကို တစ်ခါတစ်ခါ နိမ်နေသလိုပဲ...ငါဝမ်းနည်းတယ်..."

ရင်ခွင်ထဲ ငြိမ်ကျသွားသည့် Van ကြောင့်
Jimin ခြေမကိုင်မှီ လက်မကိုင်မှီဖြစ်ရပြန်သည်။

ကျနော်ကိုယ်က စကားကို ရှင်းအောင် မပြောမိလိုက်တာပဲ။
မက်ဆေ့ပို့ခိုင်းတာကလည်း စာရိုက်ခိုင်းတာမဟုတ်။
အီမိုဂျီတွေကိုပဲ ပို့ခိုင်းတဲ့ သဘော။

" အသဲ...ကိုယ်တောင်းပန်ပါတယ်...ကိုယ်စကားပြောလောသွားလို့ပါ...မက်ဆေ့ပို့ခိုင်းတာကလည်း စာရိုက်ခိုင်းတာမဟုတ်ရပါဘူး...အသဲအီမိုဂျီလေးတွေပဲ ပို့ခိုင်းမလို့ပါ...အသဲ ကြိုက်တဲ့ အီမိုဂျီတွေသာပို့ခိုင်းချင်တာပါ...ကိုယ် အသဲကို
ဘယ်တော့မှ မနိမ်ရပါဘူး...ကိုယ့်အသဲလေးကို တစ်ခါမှ နိမ်ချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး...
ဝမ်းနည်းအောင် လုပ်မိသွားလို့ ကိုယ်တကယ်တောင်းပန်ပါတယ် နော်...နော်..."

Kim:Fall In Love With Criminals (Completed)Where stories live. Discover now