Part-8

2.7K 249 23
                                    

(Unicode)

လျှို့ဝှက်ချက်တွေနဲ့အသက်ရှင်နေခြင်းက ခက်တယ်လို့ ထင်ကောင်းထင်နေလိမ့်မည်။
တကယ်တော့ အဲ့လိုဘဝမျိုးက စွန့်စားခန်းတစ်ခုကို အမြဲဖွင့်နေတာနဲ့တူနေသည်။

Taehyung Jungkook ကိုတမင်ပထုတ်ခဲ့သည်။
သူသာZeha ဆိုတာကိုသိသွားရင်းအကုန်လုံး သပွတ်အူလိုရှုပ်ထွေးကုန်မည်။

Jungkook အခုဝင်လာသည့်နေရာက
တကယ့် မာဖီယားတွေရဲ့ဂိုဏ်းချုပ်လို့ပြောလို့ရတဲ့အသိုင်းအဝိုင်းတစ်ခုလေ။

ခြံထဲ၏ပန်းဥယျာဥ်နှင့်မနီးမဝေးမှ မနက်စာစားဝိုင်းလေး။

" မင်းမနေ့က ဘယ်ရောက်နေတာလဲ..."

" ကျနော့်ကိုမေးတာထက်စာရင် ငှက်ကလေးကိုမေးကြည့်ပါလား..."

" Jungkook မင်းငါ့အမိန့်ကိုလွန်ဆန်တယ်...
ငါပိုင်ဆိုင်တဲ့ သူအနားမင်းအမြဲရောက်ရောက်လာတာ သူ့ကိုထိတွေ့တာတွေကို ငါမကြိုက်ဘူး..."

" မထိတွေ့ခဲ့ရင် မနေ့ကညက ငှက်ကလေးတစ်ကောင်ရဲ့ သေဆုံးခြင်းကိုကြုံရမယ်ဆိုတာ
သူဋ္ဌေးသိမယ်ထင်တယ်..."

သေနတ်ထုတ်ကာ ချိန်လိုက်သည်။

" Min မလုပ်စမ်းပါနဲ့...တန်ဖိုးမရှိတဲ့အသက်ကိုနုတ်ပြီး ဘာလို့လက်ကိုသွေးစွန်းခံချင်နေတာလဲ..."

" အချစ်...ကိုယ့်ကို အခုဘယ်လိုခေါ်လိုက်တယ်..."

" ဘာလို့လဲ...ငါ့အမျိုးသားကို ချစ်စနိုးနာမည်ပေးလို့မရဘူးလား..."

" ကိုယ်ဆိုလိုချင်တာ အဲ့လိုသဘောမဟုတ်ပါဘူး...အချစ်က အဲ့လိုခေါ်တော့နည်းနည်းထူးဆန်းသွားလို့ပါ..."

Taehyung တမင် Min လို့ခေါ်လိုက်ခြင်းသာ။
မဟုတ်ရင် Jungkook နဲ့ Jiminပြသာနာတက်ကြမည်။

" မထူးစမ်းပါနဲ့ Min...ထူးဆန်းဆိုတာတွေက ဒီထက်ကြုံလာအုံးမှာမို့လို့လေ..."

ထိုင်နေရာမှ ထလိုက်သည့် Taehyung...

" အချစ်ကလေး...ဘယ်သွားမလို့လဲ..."

" မွှန်းကြပ်တယ် Min...ငါဒီနေ့တစ်ရက်တော့
အပြင်ကို လည်ချင်တယ်...ခွင့်ပြုပေးပါ..."

ဒါကြောင့် အဝတ်အစားတွေကိုပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတာပဲ။
ဘေးလွယ်အိတ်ပါယူလာကတည်းက ရိပ်တော့ရိပ်မိသည်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now