Part-9

2.4K 240 16
                                    

(Unicode)

"ငှက်ကလေး...ကိုယ်..."

" ငါနဲ့အတူနေပေးပါ Jeon..."

Taehyung Jungkook လက်ကိုဆွဲရင်းတောင်းဆိုလေသည်။
သူ့မျက်ဝန်းတွေကို နူးညံ့စွာကြည့်လာသည့်
အကြည့်တွေကြောင့် စိတ်ခံစားချက်တွေကိုထပ်ပြီး မထိန်းချုပ်နိုင်တော့ချေ။

ထိုရပ်သွားသည့် တက္ကစီလေး။
ကျနော် Tae ကိုတနေရာကိုခေါ်သွားချင်မိသည်။

Taehyung လက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားသည့် Jungkook...

" Jeon...မင်းအခုဘယ်သွားနေတာလဲ..."

" ကိုယ့်ကိုစကားမပြောနဲ့အုံး Tae...ကိုယ့်စိတ်တွေအခုချိန်မှာ ဘာကိုမှတွေးလို့လည်းမရသလို စဥ်းစားလို့လည်းမရဘူး..."

ကားမှန်အပြင်ကိုသာကြည့်နေသည်။
ကျနော့်ရဲ့ လှောင်အိမ်တံခါးလေးကို ဖွင့်ပေးမည့်လက်လေးတစ်စုံက နွေးထွေးလွန်းသည်။

ဒါပေမဲ့ ထိုလက်တစ်စုံကပဲ ကျနော့်မိဘတွေကိုသေစေခဲ့သည်။
အတိတ်ကအကြောင်းအရာတွေဆိုပေမဲ့ ကျနော်အဲ့နေ့လေးကိုလုံးဝမေ့မရခဲ့။

ကားထိုးရပ်သွားပြီးနောက်နာမည်ကြီးဟိုတယ်တစ်ခုကိုရောက်လာရသည်။

ကျနော့်လက်ကိုဆွဲရင်း ဟိုတယ်ထဲဝင်သွားသည်။

အခန်းနှစ်ခန်းယူမည်ပြောနေသည့် Jeon..

ဟုတ်ပါရဲ့။တူရကီနိုင်ငံက လိင်တူချစ်ကြိုက်ခြင်းကို ပိတ်ပင်ထားသည့်နိုင်ငံတစ်နိုင်ငံဖြစ်နေသည်။

တိုးတက်နေသည့် နိုင်ငံဖြစ်ပေမဲ့လည်း ဘာသာရေးဆိုင်ရာ ယဥ်ကျေးမှုအမွေအနှစ်တွေလည်းရှိနေသည်။

လိင်တူချစ်ကြိုက်သည်ကို ဖမ်းဆီးပြီးပြစ်ဒဏ်ပါချပစ်နိုင်သည်အထိကို စည်းကမ်းတင်းကျပ်လွန်းသည်။

ကျနော့်တို့လို တခြားနိုင်ငံသားတွေအတွက်ကတော့ သူတို့နိုင်ငံဥပဒေအရဘာမှလုပ်ဆောင်လို့မရပေ။
သို့သော်ခရီးသွားတစ်ယောက်အနေနဲ့လည်း
သူတို့ နိုင်ငံရဲ့ဥပဒေကိုတော့ လေးစားရမည်။

ဒါကြောင့် Jeon က တစ်ယောက်ခန်းနှစ်ခန်းယူနေတာပင်။

ဓာတ်လှေကားထဲဝင်သည့်အချိန်ထိ ဘာစကားမှမပြောသေး။
Jeon ပုံစံက ကျနော့်နဲ့အတူနေရမှာကိုစိုးရိမ်နေသည့်ဟန်ပန်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now