Part-16

1.7K 179 28
                                    

(Unicode)

စိတ်ထဲစိုးထိတ်နေသည့် ထိုနာမည်က ထပ်ကြားမိပြန်တော့ Van နဲ့ Jimin ကိုပိုစိတ်ကပူလာရတော့သည်။

" ဖြစ်နိုင်တယ်...ငါလည်းအဲ့လိုတော့တွေးမိနေတာ...Jeon မင်းက ဘယ်လိုလုပ်ပြီးအတတ်ပြောနိုင်နေရတာလဲ..."

" သူ့ရဲ့သားကောင်တိုင်းကို အမြင်အာရုံချို့ယွင်း
အောင်လုပ်ပြီး သတ်ပစ်ကြတာချည်းပဲ..."

" အခု Jimin က မသေဆုံးသေးတော့...မဖြစ်ဘူး...ကားပြန်လှည့်မှရတော့မယ်..."

စတီယာတိုင်ကို ပြန်လှည့်မည်အပြု လက်ကိုပိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

" Kan ရှိနေတာပဲ...ဘာမှမဖြစ်နိုင်တော့ပါဘူး...
အခု Van စီပဒအရင်သွားလိုက်ပါ Tae..."

" ဒါပေမဲ့ ငါစိတ်မချဘူး...Jimin ကိုလုပ်ကြံသူက Blind Case ဆိုရင် သူထပ်လုပ်ကြံဖို့ကြိုးစားအုံးမှာ..."

" စိတ်အေးအေးထားပါ...ဆေးရုံမှ Kan နဲ့အတူ
အစောင့်တွေလည်းရှိနေတာပဲ...Blind Case က တုံးအသူမှမဟုတ်ပဲ...သူ့မျက်နှာကိုတောင် ဘယ်အေးဂျင့်ကမှမမြင်ဖူးတာကို လူလုံးထွက်ပြပါ့မလား..."

" Jimin သာတစ်ခုခုထပ်ဖြစ်ရင် ငါအဆင်မပြေဘူး Jeon...ငါတစ်ခုခုလုပ်မိလိမ့််မယ်..."

" ချစ်လို့စိတ်ပူနေတာလား...ဒါမှမဟုတ်... "

" ငါသူ့ကိုမချစ်ဘူး...သူက Van ရဲ့... "

ပြောစလက်စစကားကိုရပ်တန့်လိုက်တော့ သဘောပေါက်သွားသည့် Jungkook က ခပ်ရေးရေးလေးပြုံးလေသည်။
သူ့အပြုံးကိုတော့ Taehyung သတိမထားမိခဲ့။
Jimin အပေါ် ရွှေအိုရောင်လေးက ခံစားချက်တွေရှိမနေလို့ တော်သေးတယ်ဆိုရမည်။
မဟုတ်ရင်ကျနော် ရွှေအိုရောင်ငှက်ကလေးကို ဖမ်းချုပ်ပြီး လှောင်အိမ်ထဲထည့်မိမှာအသေအချာပင်။

" Van စီပဲသွားကြတာပေါ့ Tae...ဟိုဆေးရုံက ဝေးနေလို့ စိတ်မချဘူးဆိုလည်း တစ်ခါတည်း Central ကို​ပြောင်းဖို့စီစဥ်ကြတာပေါ့... "

" အင်း...ဟိုရောက်ရင် Jeon အခန်းထဲလိုက်မဝင်ပါနဲ့နော်...တော်ကြာ Van က စိတ်ထိခိုက်ပြီး ဒေါသပုန်ထနေမယ်..."

" အင်းပါ...ကိုယ်ကတိပေးတယ်...Van ကိုယ့်မျက်နှာမတွေ့စေရဘူး ဟုတ်ပြီလား..."

Kim:Fall In Love With Criminals (Completed)Where stories live. Discover now