Part-17

1.6K 190 57
                                    


(Unicode)

Jimin စိတ်မကောင်းဖြစ်သွားသည့် Van ကိုလှည့်ကြည့်ကာ...

" ငါမင်းကို..."

" သိတယ်...မင်းငါ့ကို မင်းမချစ်တော့ဘူး... ဟုတ်တယ်မလား..."

အသံတိတ်သွားပြန်ရသည်။
ကျနော် Van ကို မချစ်ဘူးလားလို့ မေးရင်လည်း ပြန်ဖြေနိုင်မည်မဟုတ်ပြန်။
ချစ်လာမေးရင်လည်း ပြန်ဖြေနိုင်မည်မဟုတ်ပြန်။

အခုလောလောလတ် ကျနော့်နှလုံးသားထဲ နေရာယူနေတာက Taehyung ဖြစ်နေပြီလေ။

Van မျက်ရည်စတွေကို သုတ်ပစ်သည်။
သူငိုနေလည်း ဂရုစိုက်မည့်သူက မရှိ။
အချစ်ရဆုံးသူထံက လစ်လျူရှု့ခံရတာလောက် ရင်ထဲ နာလို့မဆုံး။ ဒဏ်ရာဒဏ်ချက်တွေ ဗလာပွဖြစ်နေသည့် ကျနော့်နှလုံးသားလေးက အချစ်ခံဖို့ ရေရွတ်နေလေပြန်သည်။

" သွားစရာရှိနေတယ်မလား...ငါဆင်းပေးမယ်...မင်း သွားစရာရှိတာ ဆက်သွားတော့..."

ကားတံခါးတွန်းဖွင့်မည်အလုပ် လက်ကောက်ဝတ်ကို ဖမ်းဆွဲသည်။

" ခန...ကားထဲကနေမထွက်နဲ့ ငါ့ကို​နောက်ယောင်ခံလိုက်နေတဲ့ သူတွေရှိနေတယ်..."

" ဟမ်...ဘယ်သူ..."

Jimin အနောက်ကြည့်မှန်ကနေတဆငိ့ကြည့်နေတော့ Van စိတ်ထဲဘဝင်မကျတော့။

ကားအနောက်ကို လှည့်ကြည့်သည့် Van က သူတို့ကားနဲ့ မလှမ်းမကမ်းမှ ရပ်စောင့်နေတဲ့ ကားတစ်စီးနဲ့အတူ လူတစ်ယောက်ကိုပါတွေ့လိိုက်ရသည်။

" ဟိုလူက မင်းအဖေလူပဲ...ဘာလို့နောက်ယောင်ခံလိုက်နေတာလဲ..."

" ငါလည်းသေချာမသိဘူး...ငါအခု PaPa စီသွားတာကလည်း Blind Case အကြောင်းပြောမလို့..."

မျက်ဝန်းညိုတွေကကျနော့်ထံပြန်ရာက်လာသည်။

" ဒါဆို မင်းအလောကြီးသွားစရာရှိတာက Mr.Case စီလား..."

ဘာမှပြန်မပြောဘဲ ငြိမ်နေတယ်။
မဟုတ်မှ JiJi တစ်ခုခုစုံစမ်းမိနေ ပြန်ပြီထင်တယ်။

" JiJi မင်းBlind Case နဲ့ပတ်သတ်ပြီး တစ်ခုခုစုံစမ်းမိနေပြီလား..."

"အင်း...ငါစုံစမ်းမိသလောက် Blind Case က ငါတို့ ဂိုဏ်းထဲမှာကို ရှိနေတာ...Kan ကိုစုံစမ်းခိုင်းသလောက်ဆို ငါမသင်္ကာတဲ့သူက ရှိနေပြီ..."

Kim:Fall In Love With Criminals (Completed)Where stories live. Discover now