Part-5

3.1K 293 34
                                    

(Unicode)

လက်လေးကို မလွတ်သေး။အစ်စတန်ဘူလ်မြို့လေးကို ကျနော့်ထပ်နှံ့စပ်အောင်သိနေလေသည်။

Taehyungမြစ်ကမ်းနားလေးရှိ Cafe ဆိုင်လေးတွင် ထိုင်သည်။
Jungkook ကတော့သူ့ရဲ့ ပုံစံလေးကိုသာကြည့်မြဲကြည့်နေလေသည်။

အုတ်ခုံပေါ်ရှိ လက်ဖက်ရည်ခွက်လေးနှစ်ခွက်။
လက်သွယ်သွယ်လေးတို့က လှမ်းကာယူလိုက်သည်။

နှုတ်ခမ်းသားလေးက လက်ဖက်ရည်ခွက်နှင့်ထိကာသွားတဲ့ မြင်ကွင်း။ရင်တွေဘာလို့ ခုန်စေရတာလဲ။

ရွှေအိုရောင်ဆံနွယ်တို့က လေတိုက်လိုက်တိုင်း
လွှင့်ကာသွားနေသည်။
လှပတဲ့ ဆံနွယ်တွေနဲ့အတူ ပျားရည်ကဲ့သို့အသားအရည်လေး။နူးညံ့နေမှာသေချာသည်။

Jungkook စိုက်ကြည့်နေမှန်းသိလေတော့
Taehyung လှည့်ကြည့်လာသည်။

" ငါ့ကိုအဲ့လောက်တောင်စွဲလမ်းနေတာလား...
အကြည့်မလွှဲနိုင်လောက်အောင်ထိဖြစ်နေပြီလား..."

" အင်း...ကိုယ်မင်းကို စွဲလမ်းနေပြီ..."

ကွေးညွှတ်သွားသည့် နှုတ်ခမ်းလေး။

" Jeon..."

ခေါ်လိုက်တဲ့ နာမ်စားလေးကြောင့် ရင်ထဲလှုပ်ခတ်သွားလေသည်။

" ငါမင်းကို Jeon လို့ခေါ်လို့ရတယ်မလား..."

သူကိုယ်တိုင် အာစေးမိသွားလေသည်။
ခေါင်းငြိမ့်ပြလိုက်တော့...

" မင်းလက်မောင်းက ဒဏ်ရာအတွက် တောင်းပန်ပါတယ်..."

စိတ်ပူစွာပြောလာလေသည်။

" ကိုယ့်အတွက် စိတ်မပူပါနဲ့...မင်းလေးသာ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ..."

" ငါ့ကို ဂရုစိုက်ဖို့ မင်းရှိနေတယ်လေ..."

ကျနော့်မျက်ဝန်းတွေကိုကြည့်ရင်းပြောလာသည်။
အကူအညီတောင်းနေသည့် အကြည့်တွေ။

" ကိုယ်က မင်းအနားအမြဲရှိနေမှာပါ...ငှက်ကလေး..."

" Seni Seviyorum Jeon..."(I Love You Jeon)

ပြတ်သားသည့် စကားသံလေးကြောင့်
ရင်ထဲ အေးခနဲဖြစ်သွားရသည်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now