(Uincode)
မျက်လုံးဖွင့်ကာကြည့်လိုက်မိတော့ အလှ
မီးဆိုင်းတစ်ခုကို မြင်လိုက်ရသည်။
ဒါကသူ့ရဲ့နေရာမှာဘဲ ရှိသေးသည်ဆိုတဲ့သဘော။ဘေးကိုတစ်ချက်အကြည့်ရောက်မိသွားသည့် Jungkook
လက်သွယ်သွယ်လေးကသူ့ရဲ့လက်ကို ဆုပ်ကိုင်ထားသည်။အိပ်ပျော်နေလေသည်။
ပတ်တီးတောင်မလွတ်သေးသည့် ထိုလက်လေးက ကျနော့်ကိုကယ်ပေးခဲ့တယ်။
ရွှေအိုရောင်ဆံနွယ်လေးတွေက မျက်နှာပေါ်
ဟိုတစဒီတစ ကျနေသည်။
လက်ကိုလှုပ်ရှားလိုက်ရင်း ထိုဆံနွယ်ပျော့ပျော့လေးတွေကို ထိကိုင်မည်အလုပ် ဆစ်ခနဲဖြစ်လာသည့် ဒဏ်ရာ။"အ့..."
အသံထွက်သွားမိသည်။
သူ့ရဲ့ အသံလေးကြားတော့မျက်လုံးလေးပွင့်လာ
သည်။
ထိုမျက်ဝန်းတွေ။ထိုမျက်ဝန်းတွေက အညိုနဲ့အဝါစပ်ကြားလေးဖြစ်နေခဲ့သည်။" မလှုပ်ရှားနဲ့...ငြိမ်ငြိမ်နေနော်..."
သူ့ရဲ့လှုပ်ရှားမှုမှန်သမျှကိုလိုက်ကြည့်နေမိတယ်။ကျနော့်ကို စိတ်ပူနေတာ။
ရေသန့်ဘူးလေးကို လွယ်အိတ်လေးထဲက
ထုတ်လိုက်ကာ ကျနော်ဘေးဝင်ထိုင်သည်။ဖြည်းဖြည်းချင်းထူလိုက်ရင်း...
" ရေလေးနည်းနည်းသောက်လိုက် Jeon..."
နီးကပ်လာသည့် မျက်နှာလေး။
" Tae...မျက်လုံးအရောင်က..."
" အာ...ငါ့မျက်လုံးအစစ်လေ...အရင်က မျက်ကပ်မှန်တပ်ထားတာ...ခုနက Jeon ကိုဒဏ်ရာကြည့်ပေးပြီး နေရခက်လို့ထုတ်လိုက်တာ..."
" လှတယ်..."
" အင်း..."
Taehyung ကိုယ်တိုင် Jungkook ကိုရေဘူးလေးဖြင့်ရေခွံတိုက်သည်။
" အိမ်ပြန်ရမယ် မဟုတ်ရင်..."
" ကြောက်နေပြီလား..."
" ညရောက်နေပြီ...ငါအိမ်မှာမရှိတာကို သူသိသွားလောက်ပြီ..."
" ကိုယ်နဲ့အတူခနနေရင်ပြန်မယ်လေ..."
" မဖြစ်ဘူး!..."
Taehyung ပုံစံကမတည်မငြိမ်ဖြစ်နေသည်။
Jungkook မသိအောင် တစ်ခုခုကိုဖုံးကွယ်နေသလိုပင်။
YOU ARE READING
Kim:Fall In Love With Criminals (Completed)