End Of Love Story

2.3K 204 52
                                    

(Unicode)

တိမ်စိုင်တွေလည်း ရွေ့လျားကုန်ခြေပြီ။
လေပြေတိုက်ခတ်မှုတွေကြောင့်ပင်။
အချိန်တွေလည်း နှောင်းခဲ့ကုန်ပြီ။ မြတ်နိုးရသူကိုစောင့်နေရင်းနဲ့ပေါ့။
ရင်ထဲမှ အချစ်တွေကတော့ နုပျိုနေစဲ။ အမှတ်တရတွေဟာလည်း လတ်ဆတ်နေစဲ။
မနေ့တနေ့ကလို ချစ်ခြင်းတွေလို့သာခံစားနေရသည်။

မဟော်ဂနီဆံနွယ်တွေက လွှင့်နေတယ်။
အပြုံးတွေကဝေနေလျက်။
နူးညံ့လွန်းတဲ့ တေးသံသာက သူ့နှုတ်ခမ်းဖျားမှ
စကားသံ။
နွေးထွေးတဲ့ အထိအတွေ့ကဝါဂွမ်းတွေလို နူးညံ့နေတုန်း။

ဝေးနေလျက်။ ဒါပေမဲ့ နှလုံးသားကနီးစပ်နေတယ်။
မှတ်မိနေစဲ သူ့ပုံရိပ်။ ဓာတ်ပုံလေးတစ်ပုံတောင်မရှိခဲ့။ သို့သော်မှတ်မိနေစဲပါ အချစ်ရယ်။ နှလုံးသားက ပုံဖော်ရေးဆွဲထားတဲ့ သူ့ရဲ့ ပုံရိပ်လေးကို ဦးနှောက်အကောင်အထည်ဖော်ရင်း သိမ်းထားပေးတယ်။

Jeon တဲ့။ သိပ်ချစ်ရတဲ့ အမျိုးသားတစ်ဦး။
အခုချိန်ဆို ဘယ်နေရာများရောက်နေပြီလဲ။
အသက်ရှင်နေသေးရဲ့လား ဆိုတာတောင်မသိရတော့ပြန်။

စာမလာ၊သတင်းမကြားခဲ့ရတာ နှစ်တွေအတော်ကြာခဲ့ပြီ။

အသက်တွေကြီးလို့ ပါးရေတွေတောင်တွန့်နေလေသည်။ မင်းကတော့ ဘယ်အရပ်စီအလည်ပြုနေပါသလဲ Așkim...

Taehyung လက်သွယ်သွယ်လေးမှာလည်း အရေးအကြောင်းတွေပေါ်နေကာ ဆေးထိုးအပ်ရာတွေအထပ်ထပ်ဖြစ်နေသည်။
ဆေးတွေသွင်းနေရတာကြောင့်ပင်။

အသက်ခြောက်ဆယ်ရှိနေတဲ့ Taehyung မှာ ဆေးရုံကုတင်ပေါ် သတိရတစ်ချက် မရတစ်ချက်အနေအထားဖြစ်နေသည်။
အောက်ဆီဂျင်အကူအညီသာမရရင် အသက်သေဆုံးရတော့မည့် အနေအထားဖြစ်နေသည်။

လက်ထဲမှ ဒိုင်ယာရီသဏ္ဍန်စာအုပ်လေးကို ပိုက်ထားပြန်သည်။ ထိုစာအုပ်ပေါ် လက်ရေးဖြင့် နာမည်လေးရေးထားသေးသည်က My Așkim

မျက်ဝန်းဝါတွေထံမှ မျက်ရည်စတွေက ကျနေပြန်တယ်။ ရွှေအိုရောင်ဆံနွယ်တွေကလည်း အသက်အရွယ်၏ ဇယာပြလာတာကြောင့် အဖြူရောင်တွေအနည်းငယ်ရောယှက်နေသည်။

You've reached the end of published parts.

⏰ Last updated: Oct 25, 2022 ⏰

Add this story to your Library to get notified about new parts!

Kim:Fall In Love With Criminals (Completed)Where stories live. Discover now