Part-15

1.8K 187 19
                                    

(Unicode)

ညနေလည်းစောင်းလာသည့်အချိန်တိုင်ထိ လည်ပတ်နေကြသည်။နုနုရွရွချစ်စကားလေးတစ်ပြောပြောနှင့် ပျော်ရွှင်နေခဲ့ကြသည်။

အိမ်ပြန်ဖို့အတွက်မတွေးနိုင်သေး။
အခုလိုလေးသာနေချင်မိသည်။
သို့ပေမဲ့လည်း မဖြစ်နိုင်ပြန်။အိမ်က တိုင်ခိုက်ခံထားရတာဆိုတော့ ပြန်တော့ကြည့်သင့်သည်။
Jimin ရောအခြေအနေဘယ်လိုလဲဆိုတာကိုသိချင်နေမိပြန်သည်။

မကြာလိုက်ပါ။Jungkook ထံဖုန်းလေးဝင်လာခဲ့သည်။

" အေး ရှိတယ် ခန..."

ကျနော့်ဘက်ထိုးပေး လာသည့်ဖုန်းကြောင့်ဘယ်သူလဲဟု ခေါင်းဆတ်ကာမေးကြည့်တော့ အလိုမ​ကျတော့သည့် မျက်နှာကြောင့် ရိပ်မိသလိုလိုတော့ရှိသည်။သေချာပေါက် ဒီဖုန်းက Jiminစီကပဲနေမှာ။

ဖုန်းကိုင်ကာ ထူးလိုက်တော့ တဖက်မှ အသံတွေတုန်တုန်ယင်ယင်ဖြစ်နေသည်ကြောင့် ခန္ဓာကိုယ်က ရှိန်းခနဲ။
အမျိုးသမီးတစ်ဦးက သူ့ထံဖုန်းခေါ်လာခဲ့သည်။
သတင်းကောင်းအနေနဲ့တော့ မဟုတ်ခဲ့။

" ဟုတ်ပြီလိပ်စာပို့လိုက်...ကျနော်အခုချက်ချင်းလာခဲ့မယ်...သူ့ကိုသေချာစောင့်ကြည့်နေပေးပါ..."

တိခနဲဖုန်းကိုချလိုက်တာနှင့် သူ့ကိုကြည့်နေသည့်မျက်ဝန်းတို့က ပိုလို့ မှေးသွားသည်။
မျက်မှောင်ကျုံ့ထားတာကြောင့်ပင်။

" Jimin ဘာဖြစ်တာလဲ...သူ့စီအခုသွားမလို့လား...ကိုယ့်ကိုထားသွားပြီးတော့လေ..."

" အခြေအနေမကောင်းတော့ဘူး Jeon...နေ့လည်က Jimin လုပ်ကြံခံရတယ်တဲ့...ငါအခုချက်ချင်း
လိုက်သွားမှဖြစ်တော့မယ်..."

"နေပါအုံး...သူကအခုသက်အန္တာရာယ်စိုးရိမ်နေရလို့လား...ဘယ်နေရာတွေထိခိုက်မိသွားလို့လဲ..."

" ငါလည်းသေချာမသိဘူး...ဖုန်းထဲက အမျိုးသမီးကလည်း အသံတွေပြာနေတာကြောင့် သေချာမသိရသေး...အခုလိုက်သွားမှဖြစ်တော့မယ် Jeon..."

" ကိုယ်ပါလိုက်ခဲ့မယ်...Tae တစ်ယောက်တည်းမသွားရဘူး...ကိုယ်စိတ်မချဘူး..."

" အင်း...လိုက်ခဲ့ချင်ရင် လိုက်ခဲ့..."

Jungkook တက္ကစီငှားလိုက်ပြီး Taehyungနဲ့အတူ ပြောထားသည့်လိပ်စာအတိုင်းသွားတော့သည်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now