My Așkim

1.8K 170 12
                                    


(Unicode)

'မျက်စိရှေ့ ရုတ်တရက်ရောက်လာတဲ့ ရွှေအိုရောင်လေး။ မှတ်မိနေပါတယ်။ စတွေ့ခဲ့တဲ့နေ့လေးကိုပေါ့။  နှလုံးသားထဲက စွဲစွဲမြဲမြဲ အမှတ်ရနေမှာပါ။ '

မျက်ဝန်းဝါလေးတွေထံမှာ နူးညံ့တဲ့ အကြည့်တွေ။ ကိုယ့်ရဲ့စိတ်ဝိညာဥ်ကို ဖမ်းစားစေခဲ့တယ်။

ရွှေအိုရောင်ဆံနွယ်တွေကို နမ်းရှိုက်ခွင့်။ ယုယ
ခွင့် ရခဲ့လို့ ကိုယ် သေမတတ်ပျော်ခဲ့ရဖူးတယ်။

ကိုယ့်ရဲ့ ဂျာမာန်ကပြားလေးရယ်။
ကျန်းမာနေတယ်မဟုတ်လား။
သေချာပေါက် ကျန်းကျန်းမာမာနေပေးပါ။

ကိုယ်ပြန်မလာနိုင်တော့လို့ ခွင့်လွှတ်ပါ။
ကိုယ်ရဲ့ ရုပ်သွင်ပြင်ကို Kim သာမြင်ရင် အရမ်းကိုဝမ်းနည်းနေရလိမ့်မယ်။ ကြေကွဲ နာကျင်ရလိမ့််မယ်။

အစ်စတန်ဘူလ်မှာ အစပြုခဲ့တဲ့ အချစ်ဇာတ်လမ်းလေး။ အခုတော့ အဆုံးသတ်ရတော့မည်။

ကိုယ် အသက်ရှင်နေခဲ့တယ်။ Kan က တိတ်တိတ်လေး ကယ်ခဲ့ပေးလို့ပေါ့။
သူလည်း အကုန်လုံးနဲ့အဆက်အသွယ်ဖြတ်ထားခဲ့တာ။ အေးဂျင့်တွေထံကရော၊Tae ကိုရောပေါ့။

အသက်ရှင်ခဲ့ရတာ ကံကောင်းတယ်လို့ ပြောလို့ရပေမဲ့ ကိုယ့်အတွက်ကတော့ ကံဆိုးလွန်းခဲ့တယ်။ အချစ်ရဆုံး၊ မြတ်နိုးရဆုံး ၊ အသက်ထက်တန်ဖိုးထားရသူလေး နဲ့ဝေးကွာခဲ့ရပြီလေ။

ရှင်နေလျက်နဲ့ ဝေးရတဲ့ ဒုက္ခ။ ချစ်နေလျက်နဲ့ တခြားသူ လက်ထဲ စိတ်ပိုင်းဖြတ်ကာ ထည့်ပေးလိုက်ရတဲ့ နာကျင်မှု။

အရမ်းကို ခံရခက်တယ် Așkim...

နှလုံးသားက ငိုနေတယ်။ အရမ်းကိုပါ။

ကိုယ့်ရဲ့နေ့ရက်တိုင်းက အကျည်းနေတော့မယ်နဲ့တူတယ်။
အချစ်မရှိတဲ့ ကမ္ဘာက အရမ်းကို မှောင်မိုက်လွန်းတယ်။

Taehyung ကိုယ့်ရဲ့ အသက်လေး။
မင်းကတော့ ပျော်ရွှင်နေပေးပါ။
ကိုယ့်ရဲ့ ပျော်ရွှင်မှု လမ်းစက မင်းရဲ့အပြုံးနဲ့ ရယ်သံလေးတွေ ဖြစ်လို့ပါ။

ဂျာမနီမှာလည်းလက်ထပ်ခွင့် မတောင်းနိုင်တော့ဘူး။ ကိုယ်ရဲ့မွေးရပ်မြေဖြစ်တဲ့ ကိုရီးယားကိုလည်း မခေါ်သွားနိုင်တော့ဘူး။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now