Part-22

1.7K 176 23
                                    

(Unicode)

ရေစိုနေသည့် ဆံနွယ်တွေကို လက်ဖြင့်ထိုးဖွရင်း
အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

အနက်ရောင်ဆံနွယ်တွေက အခုဆို မဟော်ဂနီ ဆံနွယ်တွေ အဖြစ်ပြောင်းသွားခဲ့သည်။
တကယ့်အစစ်မှန် ဆံနွယ်တွေပေါ့။

" သတ်ပစ်လိုက်လို့ အမိန့်ပေးနေတယ်လေ..."

တောက်ခေါက်ကာ ဒေါသတွေသာဖြစ်နေသည့် Jungkook...

အိပ်ယာပေါ်မှ Taehyung ကိုတစ်ချက်ကြည့်ကာ
သက်ပြင်းချမိပြန်သည်။
Istiklal မှာ သုံးရက်ထိကြာထိ နေနေခဲ့တာ။
နေ့တိုင်း အတူလက်တွဲပြီး မြို့အနှံပတ်နေခဲ့သည်လေ။

အပြစ်ကင်းစွာ ကုတင်ထက် အိပ်ပျော်နေသည့် Taehyung...

အိပ်ပျော်နေပေမဲ့ သူ့အသံကြောင့် နိုးသွားမည်ကို
စိုးရိမ်နေရသေးသည်။
အချိန်မတန်ခင်သူရဲ့ ပုံစံအစစ်မှန်ကို သိသွားမှာကိုမလိုလားပေ။
ဆံနွယ်အစစ်တွေကို သာအရင်ပြဖို့ မနက်စောစောအိပ်ယာအရင်ထကာ ဆေးပြန်ဆိုးထားရတယ်။
ဖြည်းဖြည်းခြင်းမှ အသိပေးမလို့စဥ်းစားထားခဲ့သည်။

Blind Case အစစ်ကလည်း ကျနော်ဆိုတာကိုရော ဖွင့်ပြောဖို့အတွက်ပင်။

Jungkook ရေချိုးခန်းထဲ ဝင်ကာ ဖုန်းကိုဆက်ပြောဖို့ ပြင်လေသည်။

" ငါမလာခင် သူ့ကိုအရင်ရှင်းပစ်ထားပေး Jake..."

" Kan က အစောင့်တွေနဲ့ တစ်ချိန်လုံး Jimin တို့အနားရှိနေတာလှုပ်ရှားဖို့ ခက်တယ် သခင်ကြီး..."

" ငါမျက်နှာကို သူတို့အကုန်မြင်ကုန်ပြီလေ...သတ်ပစ်ဖို့ ကြန့်ကြာနေလို့မရတော့ဘူး..."

" ကျနော်ကြိုးစားပါမယ် သခင်ကြီး...ဒါပေမဲ့..."

" ဒါပေမဲ့ဆိုတာမျိုး ငါမလိုချင်ဘူး Jake!...
ငါက Blind Case အစစ်ဆိုတာ သူတို့မသိခင် အရင် ချုပ်ငြိမ်းအောင်လုပ်ရမယ်...Zeha အနေနဲ့ သိနေတာတောင် တော်တော်လွန်နေပြီ..."

ခွမ်း!...

အခန်းအပြင်မှ ဖန်ခွက်ကွဲသံတစ်ခုလိုကြားလိုက်ရသည်။
ဖုန်းကိုအမြန်ချကာ ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်တော့...

Kim:Fall In Love With Criminals (Completed)Where stories live. Discover now