Part-2

3.6K 352 53
                                    


(Unicode)

ဒုတိယအကြိမ်ခြေချခဲ့ရတဲ့ အစ်စတန်ဘူလ်...
ဒီနေရာလေးကရော ကျနော့်အတွက် ဘယ်လိုအရာမျိုးတွေကို ဆောင်ကျဥ်းပေးနိုင်မလဲ။

လေယာဥ်ပေါ်မှ စဆင်းတာနဲ့အေးချမ်းပြီးနွေးထွေးတဲ့ရနံ့လေး။
လှပတဲ့မြို့လေးတစ်မြို့။ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ကံကြမ္မာတွေကရော လှပနိုင်မလား။

Taehyung ခြေထောက်မှ ပတ်တီးဖြူလေး။

" လမ်းလျှောက်တာ အဆင်ပြေလား..."

ခြေထောက်ကို ကြည့်ကာမေးတော့...

" အင်း...​ပြေတယ်..."

" အချစ်ကလေးက ကိုယ်မကြိုက်တာတွေလုပ်တာကို..."

Jimin Taehyung ကိုပွေ့ချီကာကားအနားထိခေါ်သွားခဲ့သည်။

" အဲ့လိုတွေလုပ်ပေးဖို့မလိုပါဘူး..."

" ကိုယ်ကရော လုပ်ပေးချင်လွန်းလို့လို့ အချစ်ကလေးထင်နေတာလား..."

အတွေးတိမ်သွားတာပဲ။သူကလည်း ကျနော့်ကိုချစ်လို့ယူထားတာမှမဟုတ်ဘဲ။

ကားအတွင်းထဲ Taehyung ထည့်ပေးကာတံခါးကိုစောင့်ပိတ်လိုက်သည့် Jimin...

နောက်တော့ သူ့ရဲ့သက်တော်စောင့်ကို ကြည့်ကာ...

" အိမ်အပြင်မထွက်စေနဲ့...သေချာစောင့်ကြည့်ထား..."

" ဟုတ်ကဲ့ပါ ဘော့စ်..."

" အကယ်၍ အိမ်အပြင်ထွက်တာတွေရှိရင် ခြေထောက်ကို ရိုက်ချိုးပစ်လိုက်..."

" ဟုတ်ကဲ့ ဘော့စ်..."

ကားလေးက စတင်ထွက်ခွာနေသည်။
အပြင်ဘက်က သူ့ရဲ့စကားသံတွေကိုလည်း ကျနော် နားစွန်နားဖျားကြားခဲ့ရသည်။
အခုအခြေအနေကအိမ်ပြင်ထွက်လို့ရတဲ့အခြေအနေမှမဟုတ်ဘဲ။

Taehyungကတစ်စီးဖြစ်ကာ Jimin ကတော့
သူ့ရဲ့ အလုပ်ကိစ္စတွေရှိနေသေးတာကြောင့် သက်သက်ခွဲထွက်သွားခဲ့သည်။

ကားမှန်လေးချလိုက်ကာ လေပြေတွေကို ခံစားမိသည်။
ရွှေအိုရောင်ဆံနွယ်လေးတွေက လေပြေလေးတွေကြား ပျံ့လွှင့်နေသည်။
လက်သွယ်သွယ်လေးက ကားတံခါးဘောင်လေးပေါ် တင်ထားလျက်။
မျက်လုံးတွေကို မှိတ်ထားသည်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now