Part-11

2.1K 207 12
                                    

(Unicode)

အင်စတန်ဘူလ်CIC အထူးအေးဂျင့်အဖွဲ့အစည်းရုံးချုပ်။
ရုံးအတွင်းမှအလုပ်ကိုယ်စီရှုပ်နေကြသည့် အေးဂျင့်များယခုအချိန်တွင်မူ အလုပ်ပင်မလုပ်နိုင်ကြ။

Jungkook လက်ထိပ်ခတ်လျက်ခေါ်လာသည့်
Taehyung စီတွင်သာအာရုံတွေက ဖမ်းစားခြင်းခံထားရသည်။

အထူးအေးဂျင့်ခေါင်းဆောက်၏အခန်းထဲ
အေးဂျင့်ခေါင်းဆောင်နှင့်အတူ ကျန်ရာထူးရှိအေးဂျင့်ငါးယောက်သာရှိနေသည်။
ထိုအခန်းအတွင်း Jungkook Taehyung နှင့်
Jake တို့အပါအဝင်ပေါ့။

ထိုင်ခုံတွင်လက်ထိပ်ခတ်လျက်ထိုင်နေသည့် Taehyung မှာတော့ ပျင်းရိပျင်းတွဲလုပ်နေသည်။

Jungkook မှာလည်း ရုံးချုပ်ကိုလာသည်ဖြစ်သောကြောင့် လူသိမခံနိုင်သည့် သူ့မျက်နှာကြောင့် ဦးထုတ်ဆောင်းကာ မက်စ်အမဲတပ်ထားသည်။

" Blind Case တော့မဟုတ်ပေမဲ့ သူက Blind Case နဲ့တစ်ခုခုတော့ ဆက်နွယ်နေချက်ရှိလိမ့်မယ်လို့ထင်တယ်..."

" အေးဂျင့် Z က Blind Case နဲ့ဒီကကောင်လေးကပတ်သတ်နေမယ်လို့ယုံကြည်နေတယ်ပေါ့..."

" ဟုတ်ပါတယ်...သူ့ကိုတစ်ခုခုစစ်ဆေးကြည့်မယ်ဆိုရင်တော့..."

" လက်ထိပ်ဖြုတ်ပေးလိုက်စမ်း..."

ခေါင်းဆောင် Murat ထံမှ အမိန့်တစ်ခု။

Jake Taehyung လက်ထိပ်ကိုချက်ချင်းဖြုတ်ပေးရတော့သည်။

Jungkook မှာတော့အကြောင်းအရာတွေကိုနားမလည်နိုင်တော့ပေ။

" ခေါင်းဆောင်...သူက Blind Case နဲ့..."

" တော်သင့်ပြီ အေးဂျင့် Z...မင်းအခုလက်ထိပ်ခတ်လာတဲ့ သူက ပေါ့ပေါ့တန်တန်လူစားမျိုးမဟုတ်ဘူး...မင်းထင်ရာစိုင်းသလို လုပ်လို့မရဘူး..."

" သူက မာဖီယား Park Jimin ရဲ့အမျိုးသားလောင်းပါ...Blind Case နဲ့မပတ်ဘူးဆိုရင်တောင် သူ့ကိုဖမ်းချုပ်ထားခွင့်ရှိနေတယ်..."

" Z!..."

ဒေါသသံဖြင့် နာမည်ခေါ်ခြင်းခံလိုက်ရတော့
Jungkook စကားတိူ့က ရပ်တန့်သွားရတော့သည်။
ကိုယ့်အထက်လူကြီးဖြစ်တာကြောင့် ငြိမ်နေလိုက်ရတော့သည်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now