Part-13

1.9K 190 10
                                    

(Unicode)

တည်ငြိမ်နေသည့်လေထု။စကားပြောဖို့အခက်တွေ့နေရသည်။
ဒေါသဖြစ်နေသည့်ဖခင်ကြောင့် စံအိမ်ထဲမှ အခိုင်းအစေများပါမကျန် သားဖြစ်သူကပါ ကြောက်နေရသည်။
ကြောက်နေတာထက်ကြောက်ချင်ယောင်ဆောင်နေရသည့်သဘော။
ဘယ်အချိန်ထပ်ပေါက်ကွဲမလဲဆိုတာကိုမသိနိုင်တာကြောင့်ပင်။

အိမ်တွင်အတိုက်ခိုက်ခံရတယ်ဆိုတာ​ကြောင့်
သားဖြစ်သူကိုခေါ်ဆူနေခြင်း။

" အစ်စတန်ဘူလ်က မလုံခြုံတော့ဘူး...ငါတို့လုပ်ငန်းတွေအကုန်ရပ်ပစ်လိုက်သင့်ပြီ..."

" စိတ်မပူပါနဲ့ PaPa...ကျနော်အဆင်မပြေဖြစ်နေ
တာတွေကို ထပ်ပြီးအကွက်စေ့အောင်ပြင်ဆင်
လိုက်ပါ့မယ်..."

" သားရဲ့စကားကိုဒီတခါPaPa မလိုက်လျောပေးနိုင်တော့ဘူး...သားတို့စံအိမ်ပါ တိုက်ခိုက်ခံနေရတာလေ...ဘယ်သူ့လက်ချက်လဲဆိုတာသိရက်နဲ့ လက်လျော့တာကို တကယ်ကိုဘဝင်မကျဘူး..."

" သူ့ကို PaPa မထိနဲ့...ကျနော်တောင်းဆိုတာပါ..."

" အရင်ရည်းစားဟောင်းကို သံယောဇဥ်ရှိသေးတယ်လို့တော့ မပြောလိုက်နဲ့နော် Jimin..."

အသံတိတ်သွားခဲ့သည်။ထိုမေးခွန်းမကျသည့်
စကားမျိုးကို ကျနော်ပြန်မဖြေချင်။
သံယောဇဥ်ရှိနေတာလားဆိုတာလည်း သေချာမခွဲခြားတတ်ပြန်။

Van မင်းနဲ့တော့ သိပ်ခက်လွန်းတယ်။
အခုချိန်ထိ မင်းကငါ့အစိတ်အပိုင်းတစ်ခုဖြစ်နေတုန်းပါလား။

" အခုလောလောဆယ် ကျနော်နေရာအသစ်ပြောင်းထားတယ်...PaPa ပြောစရာစကားမရှိတော့ဘူးဆိုရင် ကျနော့်ကိုခွင့်ပြုပါအုံး..."

"မင်းအားရင် တစ်ရက်တော့ သားမက်လေး Taehyung ကိုခေါ်လာခဲ့...PaPa သူ့ကိုတွေ့ချင်တယ်..."

" ဟုတ်ကဲ့ ကျနော်ခေါ်လာပေးပါမယ်..."

အရိုအစေပြုကာပြန်သွားပြီဖြစ်တဲ့ Jimin မှာတော့ သူ့အမျိုးသားလေးကို အဖေဖြစ်သူက ရိုးရိုးတန်းတန်းတွေ့ခွင့်တောင်းနေတယ်လို့သာ
မထင်မှတ်ခဲ့။

Jimin သိနေခဲ့သည်။သူ့အမျိုးသားလေးကို သူ့အဖေက စိတ်ဝင်စားနေသည်ကိုပေါ့။
ဒါကြောင့်လည်း Taehyung ကိုသူအဖေဖြစ်သူစီသီးသန့်ဘယ်တော့မှခေါ်မလာခဲ့ခြင်း။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now