Part-10

2.2K 236 9
                                    

(Unicode)

အတွေးပေါင်းများစွာနဲ့ပင် အိမ်ကိုပြန်လာခဲ့ရတော့သည်။
Blind Case ကသူပါလို့ဝန်ခံလိုက်သည်က အမှားတစ်ခုဖြစ်နေခဲ့ပြီလား။
အချစ်အတွက်နဲ့ မျက်ကန်းဖြစ်နေရတော့သည်။

ဧည့်ခန်းကိုဖြတ်မည်အပြု ခြေလှမ်းတို့က ရပ်တန့်သွားရတော့သည်။
သူ့ကိုမှင်သေသေနှင့် ​ခြေဆုံးခေါင်းဆုံးကြည့်နေသည့် မျက်ဝန်းတစ်စုံ​ကြောင့်ပင်။

" အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးမှအိမ်ပြန်လာသင့်တယ်နော်..."

" ငါ...မနေ့က အပြင်မှာအိပ်လိုက်မိတယ်..."

Jimin Taehyung စီထလာရင်း အင်္ကျီကိုထိကိုင်
ကြည့်လေသည်။

" ကိုယ်သိတယ်...လည်ပင်းက အနီကွက်တွေက
ပြောနေစရာမလိုအောင်ကိုသိသာနေတာပဲ..."

"Jimin ငါ..."

"အချစ်ကလေးဘယ်သူနဲ့အတူအိပ်ခဲ့လည်းပါ ကိုယ်သိနေတယ်..."

ကျနော့်မျက်နှာကိုထိတွေ့နေတယ်။
Jimin သိနေမယ်ဆိုတာက တွေးနေစရာကိုမလို။
အစ်စတန်ဘူလ်တစ်မြို့လုံး သူ့လူတွေကနေရာအနှံ့ရှိနေပြီသား။
သေချာပေါက် ကျနော့်နဲ့ Jeon အကြောင်းလည်းသူသိနေပြီးလောက်ပြီ။

" ရေချိုးလိုက် အချစ်ကလေး...မင်းစီက တခြားသူအနံ့တွေစွဲနေတာမျိုးကိုယ်မကြိုက်ဘူး..."

" သူ့ကို ထိခိုက်အောင်မလုပ်နဲ့..."

ခပ်ကျဲကျဲရယ်သံတစ်ခုက Jimin ထံမှထွက်ပေါ်လာသည်။

" ကိုယ်က အေးဂျင့် Zeha ကို ထိခိုင်အောင်လုပ်မှာကြောက်တာလား...ဒါမှမဟုတ် အခုလက်ရှိ အချစ်ကလေးနားရှိနေတဲ့ Jeon Jungkook ဆိူသူကိုလား..."

Taehyung အံ့သြမှုတို့မရှိခဲ့။

Jiminအနှေးနဲ့အမြန်သိသွားတော့မယ်ဆိုတာကို ကျနော်ကြိုတွေးပြီးသားပါ။

" ထင်ထားတာထက်မြန်မြန်သိသွားတာပဲ..."

" ကိုယ့်ကိုငတုံးလိုတွေးနေတယ်ဆို အချစ်ကလေးမှားသွားမယ်နော်..."

" ဘယ်အချိန်ကတည်းက သိနေခဲ့တာလဲ..."

နှုတ်ခမ်းတို့ကကွေးညွှတ်သွားကာရိုးရှင်းသည့် အပြုံးတစ်ပွင့်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now