Final

3.8K 184 59
                                    

(Unicode)

" Taehyung...လာ...သင်္ဘောပေါ်အရင်တက်နေရအောင်...Jungkook သေချာပေါက်ပြန်ရောက်လာမှာပါ..."

" ဗုံးစစ်နေတာ အဲ့လောက်ထိကြာနေရလား Jimin... နာရီဝက်ပဲရှိတော့တာကို...အခုဆို အချိန်က ဆယ့်ငါးမိနစ်လောက်ပဲရှိနေပြီကို..."

မျက်ရည်တွေနဲ့ Taehyung ကိုကြည့်ပြီး
Jimin စိတ်မကောင်းရပြန်။
Van ကလည်း သူ့ကိုယ်ပွားလေးရဲ့လက်ကိုအသေအချာ ဆုပ်ကိုင်ထားသည်။

" ဗုံးက ဖြုတ်လို့ရတယ်...ငါကြိုးစားကြည့်မယ် Jake..."

" Z...ခန...ဗုံးကိုဖြုတ်မနေဘဲ Taehyung စီပဲပြန်သွားကြရအောင်... အသက်ကယ် လှေလည်းရှိနေတယ်...ကျနော်တို့ ကြိုးမှားဖြုတ်မိသွားရင်လည်း အကုန်ပိုဆိုးကုန်လိမ့်မယ်..."

Jungkook သက်ပြင်းချကာ ဆံပင်တွေကိုထိုးဖွမိတော့သည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။
ဗုံးကို ဘယ်သူထောင်တာလဲ။

Kan အခန်းထဲ ဝင်လာသည်။

" Jungkook...Jake...မြန်မြန်လာတော့...Taehyung တို့ စောင့်နေပြီ... "

" အင်း...သွားကြမယ် Jake..."

လူတွေလည်း ရှိမနေတော့တာပဲ ။
ဗုံးကလည်း ဆယ်မိနစ်ပဲ အချိန်ကျန်တော့တာဆိုတော့ ထားပစ်လိုက်တော့သည်။

ကုန်းပတ်ပေါ်ထိရောက်လာသည့် Jungkook...

သူ့ဘေးတွင် Kan နှင့် Jake တို့က လည်းရှိနေသည်။

ခေါင်းထဲ အတွေးဝင်လာခဲ့သည်။

သေစမ်း။ ကပ္ပတိန်ကိန်နေသေးတာပဲ။

" Jake ကပ္ပတိန်ကျန်နေသေးတယ်... သွားခေါ်ထုတ်လိုက်တော့...Kan မင်းကတော့ သွားနှင့်တော့...အသက်ကယ်သင်္ဘောပေါ်မှာပဲ ငါ့ကိုစောင့်နေတော့..."

" ဟုတ်ကဲ့..."

" နောက်တစ်ခုသေချာပြောလိုက်မယ် Kan...
ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်Tae ကို ဒီ သင်္ဘောပေါ်ပြန်မလာစေနဲ့..."

" ဟုတ်ကဲ့ပါ..."

Kan က အရင်ထွက်သွားသည်။

" Jake...ကပ္ပတိန်ကို အမြန်ခေါ်လာခဲ့ ငါဒီကနေစောင့်နေမယ်...အချိန်သိပ်မရှိတော့ဘူး..."

Kim:Fall In Love With Criminals (Completed)Where stories live. Discover now