အခန်း(၁)(Uni)

11.2K 357 3
                                    

"ဟန်ချီ ! မောင့်ကိုစောင့်ပါဦးကွာ...."

နောက်မှအော်ခေါ်ကာပြေးလိုက်လာသူကိုလျစ်လျူရှုထားရင်း ခြေလှမ်းများကိုသွက်သွက်ပိုလှမ်းမိပါသည်။ စိတ်လေနေပြီတကယ်!
ဒီလူရွာကိုရောက်လာကတည်းကဟန်ချီ အေးအေးဆေးဆေးမနေရပါ။လူကိုအမျိုးမျိုး
နှောင့်ယှက်နိုင်လွန်းသည်။ ခုလည်းကြည့်လေနောက်ကနေ တမောင်မောင်နဲ့အော်ပြီးလိုက်လာတာ...လူတွေ၀ိုင်းကြည့်နေတာကိုတောင်သိပုံမရ။သူကသာမသိတာ. ကျွန်တော်ကတော့တကယ်ရှက်လှပြီ...။

တကယ်ဆိုဒီလိုမျိုးနောက်ကနေတကောက်ကောက်လိုက်ခံရတာမျိုးက ဟန်ချီအတွက်အဆန်းမဟုတ်ပါ။ "လှမျက်ဟန်ချီ"ဆိုတဲ့သူကရွာရဲ့အချောအလှလေ... အင်း...ချောသည်ဆိုတာထက်လှသည်ဟုပြောလျှင်ပိုမှန်ပေလိမ့်မည်
အမေတူသားဆိုသည့်အတိုင်း အမေ့ဆီကအမွေမှန်သမျှအကုန်ရခဲ့ပါသည်။မျက်တောင်ရှည်တွေ၀န်းရံထားပြီးအမြဲအရောင်လဲ့နေတဲ့မျက်၀န်း၀ိုင်းတွေရယ်၊ပိန်ပိန်ပါးပါးခန္တာကိုယ်ရယ်၊ အသားရေကတော့ ဖြူတာမဟုတ်ပဲ ၀ါ၀င်းပြီးကြည်လင်နေတာမျိုးဖြစ်သည်။သာမာန်ယောကျ်ားလေးတွေရှိရင်းစွဲအရပ်ထက်အနည်းငယ်ပုပေမယ့်တအားပုနေတာမျိုးတော့မဟုတ်..မသိသာပင်။
ပြုံးရယ်လိုက်တိုင်းပေါ်လာတတ်တဲ့ပါးချိုင့်တွေအပြင်သွားစွယ်လေးတွေကပါ အဆစ်ပါလေတော့..... "လှမျက်ဟန်ချီ"ဆိုသည့်နာမည်လိုက်အောင်ပင် အလွန်လှပသူဖြစ်လေသည်။သူရုပ်ရည်ကြောင့်လည်း ရွာရှိအမျိုးသမီးများသာမက အမျိုးသားများပါ ဟန်ချီကိုစိတ်၀င်စားကြသည်။ အင်း...ပြောရရင် ဘေးရွာနီးချုပ်စပ်တွေပါအဆစ်ပါသေး။
တကယ်ဆိုဟန်ချီသူ့အသွင်အပြင်နဲ့ပတ်သက်ပြီးစိတ်ပျက်ပါသည်။ယောကျ်ားလေးတစ်ယောက်အနေဖြင့် ဖေဖေ့လိုယောကျာ်းပီသတဲ့ရုပ်ရည်မျိုးသာလိုချင်မိသည်။ ခုလိုမေမေနဲ့တူနေတော့....... အထူးသဖြင့်မျိုးတူယောကျာ်းတွေရဲ့စိတ်၀င်စားမှုကိုခံရတာတကယ်မနှစ်သက်ပါ။ ခုလိုမျိုးတကောက်ကောက်လိုက်သူများရှိပေမယ့် မကြည်ဖြူမှန်းသိရင်ဆက်မနှောင့်ယှက်ရတဲ့ရွာဓလေ့ကြောင့်ရော...ဟန်ချီရဲ့မျက်နှာတည်တည်​နဲ့ဥပက္ခောပြုမှုများကြောင့်ပါ ကြာရှည်မခံ လက်လျှော့သွားကြသည်ကြီးသာ...ဒီလူကြမှ အရှက်မရှိ တမောင်မောင်နဲ့...တွေးရင်းတွေးရင်းဒီလူ့အကြောင်းပဲပြန်ရောက်လာပြန်ပါပြီ... လှည့်မကြည့်တာတောင်နားပူအောင်ခုထိကိုတမောင်မောင်နဲ့အော်ရင်းလိုက်နေတုန်း....ဂါး..သည်းမခံနိုင်တော့ဘူး!!

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now