အခန်း(၁၈)(Uni & Zawgyi)

2K 126 2
                                    

                         (Uni)

နေပူရှိန်ပြင်းပြင်းကြောင့် မိုးရေများလည်း အတော်အတန်ပင် ကုန်လုပြီဖြစ်သည်။ မနေ့ကပေါင်လယ်လောက်ထိရှိခဲ့သောရေများမှာ  ယနေ့တော့  ခြေသလုံးအလယ်လောက်သာကျန်ရှိတော့သည်။ သို့ကြောင့် အိမ်ပြင်ထွက်ရင် ရေထဲတော့ ဆင်းသွားနေရတုန်းပင်။အိမ်ရှေ့မှ ရွာသူရွာသားအချို့ဖြတ်သန်းသွားလာနေသည်ကိုသာ  ချမ်းမြေ့ ထိုင်ငေးနေမိ သည်။

အချိန်အားဖြင့် နံနက်၇နာရီရှိပြီဖြစ်သည်။  ချမ်းမြေ့တစ်ယောက်  မနက်မိုးလင်းကတည်း က ဖင်တကြွကြွနှင့် နာရီတစ်ကြည့်ကြည့်သာလုပ်နေမိသည်။ ချစ်ရသူဆီသွားဖို့ စိတ်လောနေပေမယ့် သူများအိမ်ကို  မနက်အစောကြီးသွားရင် မကောင်းဘူးမဟုတ်လား။ ထို့ကြောင့်ပင် နေမြန်မြန်မြင့်ပါစေ ဟုသာ ဆုတောင်းနေရသည်။အချိန်နာရီတွေကလည်း ယနေ့မှ နှေးနေသလိုပင်။

ဤသို့ဖြစ်နေသည်မှာ ချမ်းမြေ့ တစ်ယောက် တည်းတော့မဟုတ်ပေ။ မနက်မိုးလင်း, လင်းချင်းသူငယ်ချင်းဖြစ်သူ မိရွှန်းမှာ ဖုန်းဆက်လာခဲ့သည်။ 'သူတစ်ယောက်တည်း ပျင်းလို့သေတော့မယ် 'တဲ့လေ။ ညီးညူနေလိုက်တာဆိုတာ ပြောမနေနဲ့။ ချမ်းမြေ့မိဘတွေ ပြန်မရောက်သေးသည်ကြောင့် မိရွှန်းမှာ ချမ်းမြေ့ အဒေါ်အိမ်တွင်သာ သောင်တင်နေလေသည်။ ခါတိုင်းဆို မိုးလင်းတာနဲ့ ချမ်းမြေ့တို့ဆီရောက်လာတတ်ပေမယ့် မိုးရွာထား သည်ကြောင့် အိမ်ထဲကအိမ်ပြင်ထွက်မရတော့ပေ။ 'ရေထဲသာဆင်းလာခဲ့'ဟု ချမ်းမြေ့ပြောတော့ 'ရေထဲမှာ တီကောင်ပါလာရင်ဘယ်လိုလုပ်မလဲ၊ အဲ့တာတော့ငါကြောက်တယ်'ဟုပြောသည်။ ချမ်းမြေ့ ဟက်ဟက် ပက်ပက် ကိုရယ်လိုက်မိသည်။ အကြောက်အလန့်မရှိတဲ့ သူငယ်ချင်းမလေး  ကြောက်တာဆိုလို့ ဒီကမ္ဘာပေါ်မှာ တီကောင်များသာရှိသည်။ ချမ်း မြေ့ရယ်တော့ သူ့ကိုလှောင်တယ်ဆိုပြီး မေတ္တာပို့ကာ ဖုန်းချသွားလေသည်။ တကယ်မလွယ်သည့် သူငယ်ချင်းမပင်။

'📱.........🎵'

မနက်ကသူငယ်ချင်းမအကြောင်းပြန်တွေးနေသည့် ချမ်းမြေ့မှာ ဖုန်းမြည်သံကြောင့်  အတွေးစတို့ပြတ်သွားလေသည်။  အိတ်ထောင်ထဲမှ ဖုန်းကိုထုတ်ကာ ကြည့်လိုက်တော့  ခေါ်ဆိုသူက ဖေဖေ ဖြစ်နေသည်။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now