အခန်း(၂၀)(Uni & Zawgyi)

2K 126 6
                                    

(Uni)

ယခုဆို ချမ်းမြေ့တို့ ထန်းပင်ကုန်းရွာသို့ရောက်နေသည်မှာ ၂လနီးပါးပင်ရှိပြီဖြစ်သည်။ ချစ်ရသူလေးနဲ့လည်း အဆင်ပြေပြေရှိပြီး နေ့ရက်တိုင်းကိုလည်း ချိုမြန်စွာဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ချစ်ရသူမှာ မိမိအပေါ်ကို ဟိုးအရင်ကလို စိမ်းကားခြင်း အလျင်းမရှိတော့ဘဲ နူးညံ့ညင်သာစွာဖြင့်သာ ဆက်ဆံတော့သည်။ချမ်းမြေ့အားလည်း စိတ်ကောက်တတ်လာပါသလို တစ်ခါတစ်လေဆိုရင်ဖြင့် ကလူ၏ မြူ၏ ပင် ပြုလုပ်လာတတ်ပြီဖြစ်သည်။ အချစ်တို့ဖြင့် အတိပြီးကာ ပျော်ရွှင်ရသည့်နေ့ရက်များပင်။

နှစ်ဖက် မိဘစလုံးကလည်း သိပြီးသား ၊ သဘောတူပြီးသားဖြစ်၍ ချမ်းမြေ့သဘောကတော့ လက်ထပ်ချင်လှပြီဖြစ်သည်။ သို့သော် ချစ်ရသူကတော့ အချိန်ယူချင်ပါသေးသည်ဟုဆိုသည်။ ချမ်းမြေ့က 'သူ့အကြောင်းကိုအကုန်မသိသေးပါဘူး' ဟူ၍လည်းဆိုတတ်သေးသည်။

ချမ်းမြေ့ ချစ်ရသူအလိုကျသာ လိုက်လျောပြီး လက်ထပ်မည့်ကိစ္စအား ခဏနောက်ဆုတ်ထားရသည်။ ချစ်ရသူမှာ အခက်ခဲတွေ ရှိနေသေးလို့ဖြစ်မှာပင်။ ချစ်ရသူပြောသည့် သူ၏အတိတ်ဆိုတာကြီးကိုလည်း ပြောပြဖို့ ခက်ခဲနေလို့ပင်ဖြစ်မည်။ ချစ်ရသူအား ဖိအားမပေးချင်၍ ချမ်းမြေ့ အသာ,သာနေလိုက်ရတော့သည်။

သို့သော် မည်သည့်အခက်ခဲရှိသည်ကိုတော့ သိချင်မိသည်။ မိမိအား ပွင့်ပွင့်လင်းလင်းလည်း ပြောပြစေချင်မိသည်။ ချစ်ရသူ၏ အတိတ်မှာ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ချမ်းမြေ့ လက်ခံပေးနိုင်ပါသည်။ မိမိအားယုံကြည်စွာ ရင်ဖွင့်ဖို့သာလိုသည်။ ယခုတော့ ချစ်ရသူပုံစံမှာ မိမိအား မယုံကြည်နိုင်သလိုဖြစ်နေ၍ အနည်းငယ်တော့၀မ်းနည်းရပါသည်။

ချမ်းမြေ့ တွေးရင်း စိတ်မောစွာဖြင့် သက်ပြင်းချလိုက်မိသည်။

"ဘာဖြစ်နေတာလည်းကွ...သက်ပြင်းတွေခဏခဏချလို့"

ရုတ်တရတ် ပုခုံးကိုလာပုတ်သည်ကြောင့် ချမ်းမြေ့ အနည်းငယ်တုန်သွားကာ လန့်သွားရသည်။ တရားခံအားကြည့်တော့ ဟန်ငြိမ်းပင်။ ချမ်းမြေ့ သကောင့်သားအား ဘုကြည့်ကြည့်လိုက်သည်။မကျေနပ်ချက်တွေလည်း အတော်များနေ၍ ထုတ်ပြောလျှင်ကုန်မည် မဟုတ်နိုင်ပါ။ ဒီကောင် ဟန်ငြိမ်းနဲ့ ဟို မိရွှန်းမမှာ အားမနာလျှာမကျိုးနှင့် သူများအိမ်လာနေ,နေသည်မှာ ယခုထိ မပြန်သေးပေ။ အလုပ်မရှိ အကိုင်မရှိနှင့် သူများအိမ်ထိုင်စားနေကြတာများ။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now