အခန်း(၂၁)(Uni & Zawgyi)

1.9K 120 2
                                    

                            (Uni)

flash back >>>>

လွန်ခဲ့သော ၁၀နှစ်ခန့်က.........

ဒီနေ့ဟာ မမရဲ့မင်္ဂလာပွဲနေ့လေးဖြစ်သည်။ မေမေ နှင့် ဖေဖေမှာ မျက်ရည်တစမ်းစမ်းဖြစ်နေကြပြီး ဟန်ချီလည်း ထို့နည်းတူပင်။ တစ်ဦးတည်းသော အစ်မလေးမို့ သိပ်နှမြောမိပါသည်။ဟန်ချီ နှင့် အစ်မဖြစ်သူမှာ  အသက် ၅နှစ်သာ ကွာပါသည်။ ယခု မမအသက် ၂၀ဖြစ်ပြီး ဟန်ချီ့အသက်မှာ ၁၅နှစ်ရှိပြီဖြစ်သည်။

တကယ်ဆို အသက်၂၀ဆိုသည့်အရွယ်က ငယ်သေးသည်မဟုတ်လား။ သို့ကြောင့် ဟန်ချီတို့ နှာမြောမိသည်မှာ အလွန်တော့မဟုတ်ပေ။မမကတော့ သိပ်ပျော်နေရှာသည် ထင်ပါရဲ့။ ပါးချိုင့်လေးတွေ ခွက်၀င်သည် အထိကို ပြုံးနေတော့ သည်။

ဟန်ချီနှင့် မမဟာ အမွှာဟုပင် ပြော၍ရသည်အထိ အလွန်တူပါသည်။ မတူတာဆိုလို့ ယောကျာ်းလေးနှင့် မိန်းကလေးဖြစ်ခြင်းနှင့် မမ၌ ဆံပင်ရှည်များ ရှိခြင်းသာရှိ၏။ဟန်ချီ့ကိုသာ မိန်းကလေးလို ၀တ်စားပေးပြီး ဆံပင်တုသာ တပ်ပေးလိုက်လျှင် မမနဲ့ ရုပ်ချင်းခွဲရတော့မည်မဟုတ်ချေ။

မြန်မာသတို့သမီး၀တ်စုံ ပန်းနု ရောင်လေးနှင့် မမက သိပ်ကျက်သရေရှိနေလေသည်။  အချောအလှလေးမို့ ရွာထဲမှ မျက်စိကျနေသူများက နှမြောတသ လိုက်ကြည့်နေကြသလို မမနှင့် သူ(မ)၏ခင်ပွန်းလောင်းအား  အားကျသည့်  အကြည့်များဖြင့် လိုက်ကြည့်နေကြ သူများလည်း  ရှိသေး၏။

မမ၏ ခင်ပွန်းလောင်းမှာလည်း တကယ်ကိုလူရည်သန့်ပင်ဖြစ်သည်။ မမနဲ့လည်း လိုက်ဖက်ညီလှသည်မို့ အများပြောသလိုပြောရရင် 'နေ နှင့် လ၊ ရွှေ နှင့် မြ ' ပင်။

ဘွဲ့ရပြီးပြီဖြစ်သည့်မမက လုပ်ငန်းခွင်သို့ပင် ၀င်နေပြီဖြစ်သည်။ အလုပ်နားရက်တိုင်း အိမ်ပြန်လာတတ်သည့် မမက တစ်နေ့တော့  သူစိမ်းယောကျာ်းလေးတစ်ယောက်အား အိမ်သို့ခေါ်လာခဲ့သည်။ 'ဒါသမီးချစ်သူပါ၊ သမီးတို့လက်ထပ်ကြတော့မယ်' ဟုမိတ်ဆက်ပေးလာတော့ ဟန်ချီတို့တစ်အိမ်လုံး အံ့အားသင့်ခဲ့ရသေးသည်။ သို့သော်လည်း ကန့်ကွက်ခြင်းတော့မပြုကြပေ။ မေမေနှင့်ဖေဖေမှာ  သားသမီးတို့၏ စိတ်ချမ်းသာမှုကိုသာ  လိုလားသည်ဖြစ်၍ ကြည်ကြည်ဖြူဖြူပင်  လက်ခံပေးခဲ့ကြသည်။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)حيث تعيش القصص. اكتشف الآن