(Uni)
"လင်လင်တွေများနော် အလွမ်းသယ်လို့ကိုမပြီးနိုင်ဘူး.."
ထုံးစံအတိုင်း မိရွှန်းမတစ်ယောက်တော့မဲ့ကာရွဲ့ကာပြောနေပြန်ပါပြီ။
"နင်ကလည်း သူများကိုဆို ပြောဖို့ကြီးပဲ.."
ချမ်းမြေ့အပြစ်တင်သံဖြင့်ပြောလိုက်တော့ မိရွှန်းမက -
"ဟဲ့...ငါပြောတာမှားသလား...အဲ့မှာ ဟိုအ ကောင်ကို ကြည့်လေ ငါတို့နဲ့ဆို ရေခဲတုံးက သူ့လင်နဲ့ကြတော့ သွားကြီးဖြီးပြီး ရေပက်မ၀င်အောင်ပြောနေလိုက်ပုံများ နွားပွဲစားနဲ့တောင် လူမှားနိုင်တယ်"
"မိရွှန်းပြောတာမှန်တယ် ဟျောင့်..ငါကတော့ rsတွေဆိုကြည့်ကိုမရဘူး သောက်မြင်ကပ်ဖို့ကောင်းချက်."
ဟန်ငြိမ်းကပါ မိရွှန်းဘက်ကနေ၀င်ထောက်ခံပြန်သည်။ ဒီနှစ်ကောင်ဘာမှမဟုတ်... သူတို့FA ဖြစ်တိုင်း သူများကိုမနာလိုဖြစ်နေတာ။
"အေးပေါ့...မင်းတို့FAတွေက ဒါမျိုးဘယ်နား
လည်ပါ့မလဲ"ချမ်းမြေ့ပြောလိုက်တော့ ဟန်ငြိမ်းနဲ့မိရွှန်းမှာ ရှူးရှူးရှားရှားဖြစ်ကာ မျက်စောင်းတစ်ထိုးထိုးနဲ့ဖြစ်နေကြတော့သည်။ ပြန်လည်ချေပစကား တော့ထွက်မလာ။ ဘယ်ထွက်လာပါ့မလဲ အမှန်တရားဆိုတော့ အရှိုက်ထိသွားပြီလေ။
ချမ်းမြေ့ မလှမ်းမကမ်းမှာဖုန်းပြောနေတဲ့ ၀ဏ္ဏကိုလှမ်းကြည့်လိုက်တော့ မိရွှန်းပြောသည်မှာ အပိုမဟုတ်မှန်းကိုလည်း လက်ခံလိုက်ရသည်။
တကယ်ကိုပင် ၀ဏ္ဏမှာ နွားပွဲစားရုပ်လုံးလုံးဖြစ်နေပြီပင်။ မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်နေပြီး လက်ကလည်းအငြိမ်မနေ.. ဖုန်းပြောလျှက်နဲ့ပင် အားတဲ့လက်က ပေါက်နေတဲ့မြက်ပင်တွေကိုနှုတ်နေသေးသည်။သိပ်တော့မကြာပါ..ချမ်းမြေ့အထင် ၃နာရီလောက်ဖုန်းပြောအပြီးမှာတော့ ထော့နဲ့နဲ့ နှင့် ၀ဏ္ဏတစ်ယောက်ထလာတော့သည်။ အော်.... သနားစရာကောင်းလိုက်ပုံများ သုံးနာရီလောက်ကြီး ထိုင်နေမှတော့ ခြေထောက်ကျင်နေလောက်ရောပေါ့။ ချမ်းမြေ့စိတ်ပေါက်ပေါက်နဲ့တွေးလိုက်မိပါသည်။ မိရွှန်းပြောရင်လည်း ပြောချင်စရာပင်။ အပြောခံရသည်က နည်းတောင်းနည်းသေးသည်ထင်၏။
YOU ARE READING
"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)
Short Story"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါခင်ဗျာ... ဟဲဟဲ" //ချမ်းမြေ့မောင် "ဒီမျက်နှာရူးကတော့လား...." //လှမျက်ဟန်ချီ (ကျေးလက်ဟာသလေးပါနော်။ ပေါ့ပေါ့ပါးပါးလေးပါပဲ။ကျွန်တော့်ရဲ့ပထမဆုံး...