အခန်း(၂)( Uni)

3.7K 229 1
                                    

                             

သူရိန်နေမင်း၏အလင်းရောင်သည် အပူရှိန်ပြင်းစွာတောက်ပလျှက်ရှိသည်။ခန့်မှန်းခြေနံနက်၁၀နာရီလောက်သာ  ရှိသေးလောက်မည်ဖြစ်ပေမယ့် နေပူမှာခဏရပ်လျှင်ပင် ချွေးဒီးဒီးကျစေလောက်မည့်  အပူရှိန်ရှိ၏။
အညာနွေသည်  အလွန်ပူပါသည်။   သို့ကြောင့်
ယာခင်းထဲတွင်  ပေါင်းသင်နေသော ဟန်ချီ့ကိုယ်မှာလည်း ချွေးများဖြင့်စိုရွှဲနေပြီဖြစ်သည်။

မနက်၇နာရီလောက်မှစ၍  ရှင်းလင်းနေသည့်မြက်ပင်များမှာ ယခုထိတိုင်  ယာခင်း၏ သုံးပုံနှစ်ပုံခန့်ပင် ကျန်ပါသေးသည်။ ယာခင်းထဲတွင် ခရမ်းပင်များစိုက်ပျိုးထားခြင်းဖြစ်သည်။ သက်နုပင်ဖြစ်၍ အခြားသက်တမ်း
ရင့်ပင်များထက်   ပို၍ဂရုစိုက်ရသဖြင့်  မြက်ပင်ပေါင်းပင်များကိုအမြဲရှင်းလင်းရသလို မြေဆီမြေသြဇာနှင့်ရေကိုလည်း အမြဲမပျက် တိုက်ကျွေးရပါသည်။

​မြေသြဇာကိုတော့  ဓာတ်မြေသြများကိုအသုံးပြုသည်ကရှားသည်။  မြေဆီမြေသြဇာကိုပိုမိုကောင်းစေသည့် တိရိစ္ဆာန်တို့၏အညစ်အ​ကြေးဖြစ်သော နွားချေး၊ ဆိတ်ချေး၊ သိုးချေး စသည်တို့ကိုသာ အသုံးပြုကြသည်ကများ၏။

ယခုတွင်မူ မြက်ပင်များ အနည်းငယ်ထူလာ၍ လာရှင်းခြင်းဖြစ်သည်။ခါတိုင်းဆို  မေမေပါ အတူလိုက်လေ့ရှိပေမယ့်  ဒီနေ့တော့မေမေမအား၍  ဟန်ချီတစ်ယောက်ထဲလာခြင်းပင်။ သို့ကြောင့်  အလုပ်သည်လည်း ထင်သလောက်မတွင်ပေ။ ဒီ့အပြင်  အလာလမ်းတွင်   ဟိုလူ  လိုက်ရှုပ်နေသဖြင့် အချိန်နောက်ကျမှရောက်လာရ၍ကြောင့်ပင်။

နှဖူးမှထွက်လာပြန်သောချွေးတို့ကို လက်ဖမိုး
ဖြင့် သုတ်ဖယ်ရင်း မကျေမနပ်ရေရွတ်မိပါ၏။ထို့နောက် လက်ကိုသာ ခက်သွက်သွက်လှုပ်ရှားစေလိုက်ပါတော့သည်။ ဗိုက်ကလည်းဆာနေပြီဖြစ်၍  အခင်းတစ်၀က်ကျိုးရင်တော့ပြန်မှရတော့မည်ဖြစ်သည်။

~       ~     ~      ~       ~       ~       ~     ~     ~

"မနားသေးဘူးလား? မောင့်ဟန်ချီရာ နေတောင်ပူလွန်းလို့ကျက်နေပြီကို"

ညီးတွားတွားဖြင့်၍ကျွန်တော်ပြောလိုက်တော့ ချစ်ရသူမျက်စောင်းကဒိုင်းကနဲကျရောက်လာပါတော့သည်။ 

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now