အခန်း(၁၉)(Uni & Zawgyi)

2K 129 0
                                    

                           (Uni)

"ခင်ဗျားကတော့လေ....."

ဟန်ချီ  ဆူပူလိုဟန်ဖြင့် ညူစူစွာ ပြောလိုက်သည်။ထို့နောက် ကျောပေးထားရာမှ  နောက်ကလူနဲ့ မျက်နှာချင်းဆိုင်ပြန်လှည့်လိုက်သည်။

အနေအထားမှာ ဟန်ချီက မတ်တပ်ရပ်နေပြီး ချမ်းမြေ့က ဟန်ချီရှေ့မှာ ဒူးနှစ်ဖက်အားပူး၍ လက်ဖြင့် ပွေ့ပိုက်ထားကာ  ငုတ်တုတ်ကလေးထိုင်နေခြင်းဖြစ်သည်။

လေအေးတဖြူးဖြူးကြောင့် ချမ်းမြေ့ဆံသားများမှာ လေယူရာယိမ်းနွဲ့ကာနေသည်။ ငုတ် တုတ်ကလေး ထိုင်လျှက် မော့ပြုံးပြနေသည်မှာ  မျက်လုံးများ  မှိတ်ကျသည်အထိပင်။ အနည်း ငယ်ကြီးသည့် ရှေ့သွားလေးမှာ ယုန်သွားသဖွယ်ဖြစ်နေကာ ပြုံးရယ်လိုက်တိုင်း ချမ်းမြေ့အား ပိုနုနယ်စေသည်။  

ဟန်ချီ မိမိရှေ့မှလူအား မျက်တောင်မခတ်တမ်းငေးနေမိသည်။ ယခုလက်ရှိ ထိုသူ၏ပုံစံမှာ ဟန်ချီမျက်လုံးထဲ၌  အပြစ်ကင်းစင်သည့် ချစ်စဖွယ်ကလေးငယ် အသွင်ဆောင်နေလေ၏။

ဟန်ချီ့ ရင်ထဲ သံစဥ် ငြိမ့်ငြိမ့်လေးများ ဖြစ်ပေါ်လာလေသည်။ ဆက်ပြောမည့် စကားများမှာလည်း ထိုသူ့အပြုံးအောက် ပျောက်ရှကုန်လေ၏။

"ဟီး....မောင့်ကိုအဲ့လိုကြီးမကြည့်နဲ့လေ"

ထိုလူ၏ ဟီးကနဲရယ်သံကြားမှ ဟန်ချီ သတိပြန်၀င်လာလေသည်။ ငေးကြည့်နေမိသည့် ကိုယ့်အဖြစ်က ထိုသူပင် သတိပေးရသည်အထိ။ ဟန်ချီ ယောင်ရမ်းစွာ မျက်နှာအား  ဘေးတစ် ဖက်သို့  လှည့်လိုက်မိသည်။ ရှိန်းတိန်းတိန်းဖြစ်နေသည့် ပါးပြင်မှာ အပူတွေတရိပ်ရိပ်  တိုးလာသလိုပင်။ သူခိုး လူမိရင် ဒီလိုပဲဖြစ်တတ်သည်လား?

"ဟာ...အဲ့ဘက်လှည့်မသွားနဲ့လေ....မောင်ပြောလိုက်လို့ ရှက်သွားတာလား "

ချမ်းမြေ့အပြောကြောင့် ဟန်ချီ့မှာ မျက်နှာတစ်ခုလုံး  ထူအမ်းလာတော့သည်။

"ဘာ..ဘာလို့ ရှက်ရမှာလဲ..မရှက်ပါဘူး"

ချစ်ရသူ၏ ရန်ဆောင်သံ တိုးတိုးလျလျမှာ ချမ်းမြေ့နားစည်သို့ ဆည်းလည်းသံပမာ ရိုက်ခတ်ပါ၏။ ပြောပြီး ပြန်လှည့် လာသည့် မျက်နှာလေးက ပါးပြင်နှစ်ဖက်လုံး  နီမြန်းနေ ကာ ဆူပုပ်ပုပ်နှင့်  မျက်စောင်းလေးပါထိုးနေသေးသည်။ 

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now