အခန်း(၅)(Uni & Zawgyi)

2.6K 203 2
                                    

                          (Uni)

နွေဦးကုန်ကာ မိုးဦးသို့အစပျိုးတော့မည်ဖြစ်ရာ ရွက်ဟောင်းများကုန်၍ ရွက်သစ်များဝေတော့မည်လည်းဖြစ်သည်။  သို့ကြောင့် နွေဦးမှ ရွက်ဟောင်းများမှာ   ​အစွမ်းကုန်ကြွေကျနေကြဟန်တူသည်။  အပင်ကိုင်းထက်မှာ မရှိသလောက်ပင်ဖြစ်ကာ မြေပြင်ပေါ်သို့သာ သူ့ထက်ငါအပြိုင် သက်ဆင်းနေလျှက်ရှိကြသည်။

​အပင်မြင့်ပေါ်မှ သက်ဆင်းလာသောသစ်ရွက်များမှာ လေအဝေ့နဲ့အတူ လှုပ်ရှားသက်၀င်နေသည်ကို ကြည့်မြင်ရသည်မှာ လွမ်းမောဖွယ်ကောင်းသလိုလို ၊  ကြည်နူးလိုက်ဖိုဖွယ်ကောင်းသလိုလိုနဲ့  မရေမရာခံစားချက်မျိုးပင်။

ဤသို့ဤဖုံဖြင့်  အတွေးနယ်ချဲ့ကာလျှောက်လာသောချမ်းမြေ့မှာ ချစ်ရသူအိမ်ရှေ့ရောက်ကာမှ ထိုမရေမရာဟူသောခံစားချက်ကြီးသည်လည်း ကြက်ပျောက်ငှက်ပျောက်ပင်။  အကြောင်းမှာ
ခြံ၀ိုင်းထဲတွင် အမှိုက်လှည်းနေသော ချစ်ရသူမိခင်ကြောင့်ပင်။   သစ်ရွက်ခြောက်များမှာ
ခြံ၀ိုင်းတစ်ခုလုံးတွင် ပြည့်နှက်နေသည်မှာ မြင်ရက်စရာပင်မရှိပေ။ 

ချမ်းမြေ့မှာယခုမှပင် စောစောကမိမိအတွေးများမှာမှားမှန်းသိကာ နှာခေါင်းရှုံ့လိုက်မိပါသည်။
တကယ်တော့ဤရာသီသည် အမှိုက်အပေါဆုံးရာသီပင်။ သို့ကြောင့်လည်း သစ်ပင်၀ါးပင်ပေါသော  မိမိချစ်ရသူ၏ ခြံ၀ိုင်းမှာ အမှိုက်ပုံကြီးကဲ့သို့  ဖြစ်နေခြင်းဖြစ်သည်။

ချစ်ရသူမိခင်မှာ  မိမိကိုပင်မြင်ဟန်မတူ...အမှိုက်များကိုသာ သည်းကြီးမည်းကြီးလှည်းနေလေသည်။

"ဒေါ်ဒေါ်.."

အသံပြုလိုက်မှသာခြံ၀ိုင်းရှေ့ရပ်နေသောမိမိအား မြင်တော့သည်။ထိုအခါမှသာ....

"အော်..သားချမ်းမြေ့လေးပါလား ၀င်လာခဲ့လေ"
ဟုဖိတ်ခေါ်ရှာသည်။
ကျွန်တော်လည်း ချစ်ရသူမိခင်နားလျှောက်သွားလိုက်ပြီး-

"အမှိုက်တွေရှင်းနေတာလားဒေါ်ဒေါ် "

"အေးကွဲ့ ...နွေကုန်ကာနီးတော့ သစ်ရွက်ကလည်းမနိုင်အောင်ကြွေကုန်ပြီကွယ်"

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now