အခန်း(၃) (Uni)

3K 211 12
                                    

                               

သူရိယနေမင်းကြီးသည် ကမ္ဘာမြေပေါ်သို့ အလင်းရောင်များကိုပြန်လည်ဖြန့်ကျက်   လာပြီဖြစ်သည်။ ဤအချိန်ကား အာရုံတက်ချိန်ဖြစ်၏။  ကျေးငှက်သာရကာများ၏ တကျီကျီအော်မြည်ကာ   တေးသီကျူးနေသံများကို    ကြားနေရသလို၊  လင်းကြက်
တွန်သံများနှင့်  ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံကိုလည်း   ကြားနေရပြီဖြစ်သည်။  ဆွမ်းတော်အတွက် ဆွမ်းထချက်သူများကြောင့်လည်း  အိုးခွက်ပန်းကန်သံများနှင့်  ဆူညံနေပြီဖြစ်သည်။

လယ်ယာအလုပ်သမားများအတွက်နံနက်မိုးသောက်ကာစ  အချိန်သည် အလုပ်စဆင်းရန် သင့်တော်သည့်အချိန်ဖြစ်သည်။ အဘယ်
ကြောင့်ဆိုသော် စောစောအလုပ်ဆင်းလျှင် နေပူဒဏ်သက်သာသောကြောင့်ဖြစ်သည်။

ဤသို့သောအကြောင်းများကြောင့်   တောရွာများတွင် နံနက်စောစောထကြခြင်းမှာ တမင်လုပ်ယူစရာမလိုသော  အကျင့်ဓလေ့တစ်ခုပင်ဖြစ်နေတော့သည်။ 

ရွာကိုရောက်သည်မှာ တစ်ပတ်ပင်ရှိသေးသော ချမ်းမြေ့မှာတော့ ဤသည်ကိုအသားမကျသေးပါ။ ယောကျ်ားလေးပီပီ  နောက်ကျမှအိပ်ရာထတတ်သောအကျင့်နှင့်  ညဥ့်နက်အောင်ဂိမ်းဆော့ခြင်းအကျိုးကြောင့်  နံနက်ဆိုတော်တော်နှင့်မထနိုင်ပါ။ယခုတွင်လည်း အသံပလံများကြောင့်  နိုးတစ်၀က်ဖြစ်နေပေမယ့်  မထနိုင်သေးပါ။ ဆက်၍အိပ်နေချင်ပါသေးသည်။   သို့သော်ငြား......ချစ်ရသူလေးဆီ လူပျိုလှည့်ရဦးမည်ဖြစ်၍.....

အတွေးနှင့်ပင်ပြုံးမိကာ အိပ်ရာမှ သိမ်းကျုံးကာမိပါတော့သည်။

ချမ်းမြေ့တစ်ယောက်  မျက်နှာသစ် ရေမိုးပါတစ်ခါတည်းချိုးပြီးချိန်မှာတော့  မိုးစင်စင်လင်းနေပြီဖြစ်သည်။   အိမ်ရှေ့ကွပ်ပစ်တွင်  လူကြီးများပင် နံနက်စာ၀ိုင်းဖွဲ့စားသောက်နေကြပြီဖြစ်သည်။  ထမင်းကြမ်းကြော်နှင့် အကြော် မဟုတ်ရင်  မုန့်ပေါင်းနှင့်အကြော် တစ်ခုခုပင်ဖြစ်လိမ့်မည်။

"ဟာ....ကျွန်တော့်ကိုတောင်မစောင့်ကြဘူးဗျာ"

​ချမ်းမြေ့ ပြောလည်းပြောရင်း အဘိုးဖြစ်သူနား၀င်ထိုင်လိုက်တော့....မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့မေမေနဲ့ဖေဖေ နှစ်ယောက်အနက် ဖေဖေက -

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now