အခန်း(၂၂((Uni & Zawgyi)

2.3K 125 4
                                    

(Uni)

(အသုံးနှုန်းများ ရိုင်းသွားရင် ခွင့်လွှတ်ကြပါဗျာ...🙏)

သဇင်ခက်နွယ် အိမ်ပြန်လာတော့ မှောင်မဲကာတိတ်ဆိတ်ငြိမ်သက်နေသည့်အိမ်ကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။ ဘယ်သူမှပြန်မရောက်သေးတာလား? အချိန်ကတော်တော်တောင်နောက်ကျနေပြီကို...

"မောင်ရေ...ငယ်လေးရေ...မမပြန်လာပြီ"

နွေရာသီ၏ ည၇နာရီဆိုတော့ အပြင်ဘက်တွင် အလင်းရောင်အနည်းငယ် ရှိနေသေးသော်လည်း အိမ်ထဲတွင်တော့ အတော်မှောင်နေပြီဖြစ် သည်။။ မီးခလုတ်များအား ဖွင့်ရင်းအသံပြုကာ ဟိုဟိုဒီဒီရှာကြည့်ပေမယ့် ပြန်ထူးသံလည်း မကြားသလို ခင်ပွန်းဖြစ်သူနှင့် မောင်ဖြစ်သူ၏ အရိပ်ယောင်ကို မတွေ့ရသေးပေ။ အစောကြီးအိပ်သွားကြလို့များလား?

သဇင် မိမိတို့အခန်းထဲသို့၀င်ကြည့်လိုက်သည်။ မီးခလုတ်အား ဖွင့်လိုက်တော့ အခန်းလွတ်ကြီးသာ တွေ့ရပြီး မိမိ၏ ခင်ပွန်းမှာ ရှိမနေပါ။ သို့နှင့် မောင်ဖြစ်သူ အခန်းဆီသို့ လှမ်းလာလိုက်သည်။ မောင်ဖြစ်သူ၏ အခန်းမီးလင်းနေသည်အား ကြမ်းပြင်နဲ့ လွတ်နေသည့် တံခါးအောက် ခြေမှ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် သိလိုက်ရသည်။

မောင်ဖြစ်သူ ပြန်ရောက်နေပြီပဲဟု မှတ်ချက်ချလိုက်ကာ အခန်းတံခါးအား ခေါက်လိုက်သည်။

ဒေါက်! ဒေါက်!

"ငယ်လေးရေ...ငယ်လေး...မမပြန်လာပြီ.. "

ဒေါက်! ဒေါက်!

"ငယ်လေးအိပ်ပျော်နေတာလား?....မမခဏ၀င်ခဲ့မယ်နော်.."

ပြန်ထူးသံလည်း မကြားရ၍ သဇင် တံခါးလက်ကိုင်အား လှည့်ကာ ဖွင့်လိုက်သည်။

"ဟင်.....မောင်"

သဇင် ပထမဆုံးမြင်လိုက်ရသည်ကာ ဆေးလိပ်ဖွာနေသော မောင့်ကိုပင်။ ငယ်လေး၏ ကုတင်အဖျားစွန်းပေါ်တွင် ထိုင်ကာ ဆေးလိပ်ဖွာနေသည့် မောင်က အပေါ်ပိုင်းအင်္ကျီမပါပဲ ဘောင်းဘီတစ်ထည်သာ ၀တ်ထားလေသည်။ သဇင်အား မြင်သည်နဲ့ စိမ်းစိမ်းကာကာကြည့်ကာ 'ကျစ်'ကနဲ စုတ်သတ် ၏။

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)Where stories live. Discover now