⭐Unicode⭐
သစ်ပင်တွေ...သီးပင်စားပင်တွေ...ပန်းဥယျာဥ်စုံလင်စွာရှိနေပြီး ပန်းချီကားချပ်တစ်ခု ပမာလှပနေတဲ့ ဝမ်ရှောင်းခြံကြီးးးး
ပေကျင်းမြို့စီးပွားရေးရဲ့ ထိပ်တန်းနေရာမှာဦးဆောင်နေကြတဲ့ ဝမ်အိမ်တော်နဲ့ရှောင်းအိမ်တော်ရဲ့ခြံတစ်ဖြစ်လဲ...ဝမ်ရှောင်းခြံကြီးးးးး
ခြံကြီးထဲမှာ ဝမ်စံအိမ်တော်နဲ့ ရှောင်းစံအိမ်တော်နှစ်ခုဟာ ခန့်ညားထည်ဝါစွာတည်ရှိနေလေသည်။အားလုံးက အားကျရတဲ့အထိကြီးမားလှတဲ့အဆောက်အဦးတွေနဲ့အိမ်တော်နှစ်ခု...
စီးပွားရေးအရရော...အခြားလူမှုရေးတွေဘက်မှာရော အရင်းနှီးဆုံးသူငယ်ချင်းမိတ်ဆွေတွေဖြစ်နေကြတဲ့ ဝမ်မိသားစုနဲ့ရှောင်းမိသားစု...
အဲ့လိုတွေတစ်မိသားစုနဲ့တစ်မိသားစုချစ်ခင်လွန်းတာကြောင့်လည်းခြံကြီးတစ်ခုထဲမှာစံအိမ်နှစ်ခုဆောက်ပြီး အတူနေကြတာပေါ့...ခြံကြီးကိုလည်း ဝမ်ရှောင်း စံအိမ်တော်လို့ပေးခဲ့တဲ့အထိပဲလေ...
ထိုဝမ်မိသားစုနဲ့ရှောင်းမိသားစုမှာလည်းရင်နှစ်သည်းညှာ တစ်ဦးတည်းသော သားလေးတွေဖြစ်ကြတဲ့ ဝမ်ရိပေါ်နဲ့ ရှောင်းရှောင်ကျန့်ဆိုပြီး၃နှစ်အရွယ် ကလေးပေါက်လေးတွေလည်း ရှိကြသည်။
မိဘတွေက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြခင်ကြပေမယ့် အမြဲသတ်နေကြတဲ့ မတည့်အတူနေ ဖြစ်တဲ့ ရိပေါ်နဲ့ရှောင်းကျန့်....အသက်ကဖြင့် ၃နှစ်သာရှိကြသေးပေမယ့် ဘဝအဆက်ဆက်က အငြိုးအတေးတွေ ရှိသလားမှတ်ရအောင် တစ်ယောက်နဲ့တစ်ယောက်မတည့်ကြ...မနက်ကနေ ညထိ ထိုသခင်လေးနှစ်ယောက်ရဲ့ဆူညံပူညံအသံတွေနဲ့သာ...
စံအိမ်တော်တွေမှာရှိကြတဲ့ အလုပ်သမားတွေ...အိမ်တော်ထိန်းတွေကစ မနိုင်ကြ...တစ်ချက်လောက်မကြည့်မိတာနဲ့တင်သတ်နေကြပြီ...မိဘတွေကဘယ်လောက်ပဲဆုံးမ ဆုံးမ ခနပါပဲ...ပြီးရင်တော့ပြန်ပြီးသတ်ကြတဲ့ကလေးပေါက်တွေ...
ခုလည်းစံအိမ်နှစ်ခုကြားမှာရှိတဲ့ဥယျာဥ်ကြီးမှာ သတ်ပွဲဖြစ်တော့မယ့်အရိပ်အယောင်တွေမြင်နေရလေပြီ....
YOU ARE READING
ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]
Fanfictionကြောင်နဲ့ကြွက် ကာတွန်းကားကိုကြည့်ဖူးကြလားးးအမြဲတမ်းသတ်နေကြပေမယ့်တစ်ယောက်အတွက်တစ်ယောက် မရှိမဖြစ်လိုအပ်နေကြတယ် ဆိုတာကိုရောသိကြလားးး 😉😉 Start Date~16.7.2022 End Date ~22.8.2022 💜💜💜💜💜💜💜💜💜💜💜💜💜 ကြောင်နဲ့ကြွက် ကာတွန်းကားကိုကြည့်ဖူးကြလားးးအမြ...