Part 9(Uni+Zawgyi)

3K 284 4
                                    

Unicode

အချိန်တွေဟာ တစ်ရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ...အမြဲသတ်နေကြတဲ့ရှောင်းပေါက်စနဲ့ ဝမ်ပေါက်စလေးဟာ ၆နှစ်ပင်ပြည့်ခဲ့ပြီ...စကားတွေလည်းပီလာကြပြီ...

ကျန့်ကျန့်လေးဟာလည်း သွားကျိုးလေးမဟုတ်တော့...ယုန်သွားနဲ့တူတဲ့သွားလှလှလေးတွေရှိနေပြီ...ရိပေါ်လေးကလည်း ဝတုတ်လေးဆိုပင်မယ့် အရင်ကထက်စာရင်ပိန်သွားပြီ...နှစ်ယောက်လုံး အရပ်လေးတွေလည်း မဆိုသလောက်ပိုရှည်လာကြပြီ....

တစ်ချို့အရာတွေတော်တော်များများပြောင်းလဲသွားပေမယ့် မပြောင်းလဲတာကအမြဲသတ်နေကြခြင်းပင်...တစ်ခုခုဆိုရင်လက်ကပါပြီသား...တစ်ယောက်နဲ့တစ်ယောက်ကလည်းမတည့်...မခေါ်ဘဲလည်းမနေနိုင်ကြ...တစ်ယောက်က အခြားသူနဲ့ရန်ဖြစ်နေရင် နောက်တစ်ယောက်ကအုတ်ခဲနဲ့ထုဖို့အသင့်...

မွေးနေ့ချင်းတွေမတူကြပေမယ့် မွေ့နေ့ကိုအတူပေါင်းလုပ်ကြတယ်တဲ့လေ...ဝမ်ပေါက်စရဲ့မွေးနေ့က ၈လပိုင်း၅ရက်နေ့...ရှောင်းပေါက်စရဲ့မွေးနေ့က ၁၀လပိုင်း၅ရက်နေ့...ဆိုတော့ ကြားက၉လပိုင်း ၅ရက်နေ့မှာပဲ မွေးနေ့ကိုနှစ်ခုပေါင်းပြီးလုပ်ကြသတဲ့....IQတွေကတော့ ရွှေချထားဖို့ကောင်းပါပေတယ်....

ဒီနေ့ညက ၉လပိုင်း၅ရက်နေ့ဆိုတော့ မွေးနေ့လုပ်ဖို့ပြင်ဆင်နေကြသည်။လူတွေများရင်အာရုံရှုပ်ပါတယ်ဆိုတဲ့ စကားကြီးစကားကျယ်နဲ့ကလေးပေါက်နှစ်ယောက်ကြောင့် မိသားစုဝင်တွေသာကျင်းပကြသည်။

သူတို့နှစ်ယောက်ရဲ့ကျောင်းကရှားရှားပါးပါး သူငယ်ချင်းတွေဖြစ်တဲ့ ကျိုးချန်လေးနဲ့ယွီပင်းလေးလည်းပါဝင်ကြလေသည်။ဝမ်ရှောင်းခြံကြီးထဲကမွေးနေ့ပွဲလေးကတော့ အေးချမ်းစွာ....

"ကလေးတွေ မွေးနေ့ကိတ်ခွဲကြရအောင်...ပြီးရင်အကင်တွေလည်းစားကြမယ်"

"ရေးးးး"×4

မွေးနေ့ကိတ်ကလေးရဲ့ဘေးမှာအားလုံးဝိုင်းထိုင်လို့နေကြသည်...မွေးနေ့ကိတ်ရဲ့စာတန်းလေးမှာတော့ Wang Yibo & Xiao Zhan  Happy Birthday ဆိုတဲ့စာတန်းလေးနဲ့...

"ရိပေါ်...မင်းတို့မွေးနေကိတ်ကြီးက ငါ့ပါပါးနဲ့မာမားတူတူခွဲတဲ့ကိတ်ကြီးနဲ့အရမ်းတူတာပဲ"

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now