Part 5(Uni+Zawgyi)

3.7K 318 10
                                    

Unicode

ဝမ်ပေါက်စ နဲ့ ရှောင်းပေါက်စ တို့ကစား ကွင်းကိုသွားရန်ပြင်နေကြပါသည်။သူတို့နှစ်ယောက် နောက်ထပ် ရန်မဖြစ်တော့ရင် ဝမ်မားနဲ့ရှောင်းမားက ကစားကွင်းကိုလိုက်ပို့ပေးမည်တဲ့လေ...ဒါကြောင့်ပေါက်စနှစ်ယောက်ဟာ ရန်မဖြစ်တော့ပါဘူးဟု ကတိတွေပေးရင်း ကစားကွင်းကိုသွားဖို့တာဆူနေကြပြီ....

ဝမ်အိမ်တော်တွင် သူ့မားအားBoss Baby ကာတွန်းကားထဲကလိုမျိုး suit အနက်ရောင်လေးကို ဝတ်ခိုင်းနေသည့် ရိပေါ်လေး....

"သားရယ်...ကစားကွင်းသွားမှာကို ဒီဟာကြီးတော့မဝတ်ပါနဲ့လား...မားမားအခြားချစ်ဖို့ကောင်းတဲ့အင်္ကျီလေးတွေဝတ်ပေးမယ်လေ..."

"ရဝူးးးရဝူးး တားက ချန့်ချောကြီး ချစ်နေရမှာ"

ဒီကလေးနဲ့အရွယ်ကဖြင့်လက်တောက်လောက်ပဲရှိသေးတယ်...ခန့်ချောကြီးဖြစ်ချင်နေတယ်ဆိုပဲ...စိတ်လေပါတယ်...

ဒီလိုနဲ့နောက်ဆုံးမှာတော့ ရိပေါ်လေးရဲ့ကိုယ်ပေါ်မှာ suitအနက်ရောင်လေးက နေရာယူသွားလေသည်။ဒါတောင်မှန်ရှေ့မှမခွာ....ပဲထုတ်နေသေးတဲ့ဝမ်ပေါက်စ...

                        (😂😂)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

                        (😂😂)

"သားဝမ်...မှန်ကြည့်တာရပ်တော့...ကျန့်ကျန့်လေးတို့အောက်မှာစောင့်နေရပြီ...မြန်မြန်သွားရအောင်"

ဤသို့ဖြင့် ဝမ်အိမ်တော်မှထွက်လာကြတဲ့သားမိနှစ်ယောက်BMWကားနက်ကြီးရှေ့သို့ရောက်လာကြသည်။ကားရှေ့မှာရပ်စောင့်နေတဲ့ ရှောင်းမားးးး

"ညီမဝမ်သွားကြစို့လေ...နေပူရင်မကောင်းဘူး"

"ဟုတ်ကဲ့ အမရှောင်း"

ကားတံခါးကိုဖွင့်ပြီးနောက်ခန်းကိုဝင်လိုက်သည်နှင့်သူနှင့်အင်္ကျီဆင်တူဝတ်ထားတဲ့ကျန့်ကျန့်ကို ရိပေါ်တွေ့လိုက်ရသည်။

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now