Part 13(Uni+Zawgyi)

3.3K 288 3
                                    

Unicode

သာယာလှတဲ့တနင်္ဂနွေနေ့ရဲ့မနက်ခင်းတစ်ခု....Flowerဆိုတဲ့ ပန်းခြံလေးတစ်ခုအတွင်းမှာ ကစားနေကြတဲ့ကလေးတွေ...

ဝမ်ပေါက်စကတော့သူ့ရဲ့ကလေးစီးစကိတ်အစိမ်းရောင်လေးနဲ့ စကိတ်စီးလို့နေတယ်...အခြားကလေးမလေးများကလည်း ဝမ်ပေါက်စကိုအားကျသဖွယ်ကြည့်ပြီး လက်ခုပ်လက်ဝါးတီးကာ အားပေးနေကြသည်။

ထိုအားပေးနေတဲ့ကလေးတွေထဲမှာရှောင်းပေါက်စလေးတော့မပါပေ...မိန်းကလေးတွေဝိုင်းနေတဲ့ရိပေါ်ကိုသူကြည့်မရပါ...ထို့ကြောင့်ခပ်လှမ်းလှမ်းကာ ခုံတန်းလေးမှာစူပုပ်ပြီးထိုင်နေလေသည်။

"အိပေါ်...ငါ့ကိုစကိတ်စီးသင်ပေး"

ထိုစဥ်အားပေးနေတဲ့ကလေးမလေးတွေထဲက ဆံပင်လေးကို ကြက်တောင်နှစ်ဖက်စည်းထားတဲ့ကလေးမလေးတစ်ယောက်က ရိပေါ်အားစကိတ်စီးသင်ခိုင်းနေသည်ကိုရှောင်းပေါက်စတစ်ယောက်ကြားလိုက်ရသည်။ဘာတဲ့ အိပေါ်လို့လဲခေါ်သေးတယ်...

ထို့နောက်ထိုင်နေရာမှထလာကာ ထိုအုပ်စုနားကိုသွားလိုက်သည်။ထိုအချိန်ထိရိပေါ်ကို စကိတ်စီးသင်ပေးခိုင်းနေတဲ့ကလေးမလေးက သူ့ကိုသတိမထားမိသေး...သူလည်းထိုစပ်စလူးမရဲ့နောက်ကိုသွားရပ်လိုက်သည်။ထို့နောက်...

"အိပေါ်လို့ခေါ်ရဲတယ်ပေါ့လေ!!!အဲ့တာငါတစ်ယောက်ပဲခေါ်ခွင့်ရှိတာ...အင့်ဟာ..."

ပြောရင်းကနေထိုကလေးမရဲ့ ဆံပင်တွေကိုဆွဲဆောင့်လိုက်တဲ့ရှောင်းပေါက်စ...

"အားးးး ရှောင်းကျန့် နင်လွှတ်ပေးနော်..."

ထိုကလေးမလေးကရှောင်းပေါက်စကိုနောက်ခိုင်းနေတာမို့ဘာမှပြန်မလုပ်နိုင်...

"အိပေါ်လို့ ခေါ်ဦးလေ!!!"

တစ်ခြားကလေးတွေကလည်းအူကြောင်ကြောင်နဲ့ရပ်ကြည့်နေကြသည်။

"ကျန့်ကျန့်!!!!တော်တော့!!!"

ရိပေါ်တစ်ယောက်ဝင်ပြောပေမယ့်ကျန့်ကျန့်ကိုတားမရတော့...

"ရှောင်းကျန့်!!!!တော်တော့လို့ငါပြောနေတယ်လေ!!!"

ထိုအချိန်မှာပင် တစ်ဖက်က ကလေးမရဲ့ ဆံပင်တွေကိုဆွဲထားတဲ့ လက်ကလေးတွေကို ဖြည်းညှင်းစွာလွှတ်ပေးလာတဲ့ရှောင်းကျန့်လေး....

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now