Part 17(Uni+Zawgyi)

3.5K 294 7
                                    

Unicode

ဘာလိုလိုနဲ့ဒီအပတ်ရဲ့Sundayကိုရောက်ခဲ့ပြီ...ကျိုးချန်တို့နဲ့အမူးသောက်မယ်ဆိုတဲ့ကတိကိုလည်း ရှောင်းကျန့်ကတည်တတ်ပါတယ်...

အမူးတော့သောက်ကြဖို့အစီစဥ်ရှိပါတယ်...ဒါပေမယ့်အခြားသူတွေလိုbarမှာတော့မဟုတ်...ရှောင်းအိမ်တော်မှာဖြစ်သည်။ရှောင်းပါးနဲ့ရှောင်းမားကနယ်ဘက်ကိုတစ်ညအိပ်ခရီးသွားတာကြောင့်သူတို့၃ယောက်အိမ်မှာလွတ်လွတ်လပ်လပ်သောက်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သောက်ဖို့စားဖို့အတွက်ဆို ညနေ၅နာရီထဲကရှောင်းအိမ်တော်ကိုရောက်နေကြတဲ့ကျိုးချန်နဲ့ယွီပင်းးး

"သောက်ကြစို့ကွာ...အရင်မှောက်တဲ့ကောင်အရှုံးနော်"

ယွီပင်းရဲ့စကားကြောင့်ကျန်တဲ့နှစ်ယောက်လုံးကလည်းသဘောတူကြောင့်ခေါင်းငြိမ့်ပြလိုက်ကြသည်။

"Cheer!!!!!!"

ဤသို့ဖြင့်စတင်သောက်လိုက်ကြတဲ့သူတို့၃ယောက်...အိမ်ရဲ့ဝန်ထမ်းတွေကတော့အမြည်းတွေအစုံချပေးကာ အလုပ်သမားများအတွက်ဆောက်ပေးထားတဲ့အိမ်သို့သာပြန်သွားကြတော့သည်။

သုံးယောက်သားသောက်လိုက်ကြတာ...ကြွက်တွင်းတွေအတိုင်းပဲ....နဲနဲကြာလာတော့ရီဝေဝေလေးဖြစ်လာကြပြီ...

"အိပေါ်ကလေ...."

"ဟိတ်ကောင် ယွီပင်း အိပေါ်လို့မခေါ်နဲ့ကွ...အဲ့တာငါပဲခေါ်ခွင့်ရှိတာ"

ရှောင်းကျန့်ရဲ့စကားကြောင့်ကျိုးချန်ကငယ်ကျိုးငယ်နာတွေကိုအစဖော်တော့သည်။

"ငါအိပေါ်လို့ခေါ်မိလို့ရှောင်းကျန့်ငါ့ကိုဆံပင်တွေဆောင့်ဆွဲခဲ့တာလေ...မှတ်မိသေးလား"

"ဟုတ်တယ်...ဟုတ်တယ်...သူတို့နှစ်ယောက်ကြောင့်ငါတို့လည်းရေတွေပက်ခဲ့ရတာ..ဟားးဟားး"

ရီဝေဝေအရှိန်တွေနဲ့ပြောနေကြတဲ့ယွီပင်းနဲ့ကျိုးချန်...ရှောင်းကျန့်မှာသာဘာမှပြန်မပြောနိုင်...ဒီကောင်တွေကြောင့်သူရဲ့အိပေါ်ကိုလွမ်းလာပြီလေ...

စကားတွေပြောရင်းသောက်လိုက်ကြတာ...၁၂နာရီထိုးမှသာမှောက်ကုန်ကြတော့သည်။အရက်သောက်နိုင်တဲ့skillတွေကကြောက်စရာပင်.....

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now