Part 10(Uni+Zawgyi)

3.3K 291 15
                                    

Unicode

မူလတန်းပထမနှစ်ကိုတက်နေကြတဲ့ကလေးတွေ....TUကျောင်းဝန်းကြီးထဲတွင်ကစားနေကြတဲ့ကလေးတွေရဲ့အသံက ဆူညံစွာ...ထိုဆော့ကစားနေကြတဲ့ကလေးအုပ်စုလေးတွေထဲမှာ ဝမ်ပေါက်စတို့အုပ်စုလည်းပါဝင်လေသည်။

"ငါတို့ဘာလုပ်တိုင်းဆော့ကြမလဲ ရိပေါ်"

ရိပေါ်လေးအား ပြုံးရွှင်ကာ မေးလာတဲ့ ယွီပင်းလေးးး

"အင်းးးမင်္ဂလာဆောင်တိုင်းဆော့မယ်လေ...ကျန့်ကျန့်ဆော့မယ်မို့လား"

"အင်းးအင်းး ဆော့မယ် ဆော့မယ်"

ခေါင်းတွေတဆတ်ဆတ်ငြိမ့်ကာခုန်ပေါက်ပြီးပြောလာတဲ့ ကျန့်ကျန့်လေးးး
ဟိုတစ်ခါမွေးနေ့ကတည်းက မင်္ဂဆောင်မယ်ဆိုတဲ့ပိုးတွေထလာကြတာဖြစ်သည်။

မင်္ဂလာဘယ်လိုဆောင်ရမလဲဆိုတာကို​ဦးဆောင်ပြောပြနေတာက အမောင် ကျိုးချန် ဖြစ်သည်။သူ့ပါပါးနဲ့မာမားမင်္ဂလာ ဆောင်တဲ့video ကိုပြန်ကြည့်ပြီးပြောပြနေတာဖြစ်သည်။

"မင်္ဂလာဆောင်တာတော့ ဟုတ်ပါပြီ...သတို့သားနဲ့သတို့သမီးက ဘယ်သူလုပ်မှာလဲ"

"ငါက သတို့သားလုပ်မှာ"

ကျိုးချန်လေးရဲ့အမေးကို အားတက်သရောပြောလာတဲ့ ဝမ်ပေါက်စ

"ဒါဆို သတို့သမီးကရော ဘယ်သူလုပ်မှာလဲ"

"ငါ...ငါလုပ်မယ် ကျိုးချန်"

သတို့သမီးနေရာက ဆော့ချင်ပါတယ်ဆိုတဲ့လီလီဆိုတဲ့ကလေးမလေးး

"ဟုတ်ပြီ ဒါဆို ကျန့်ကျန့် နဲ့ယွီပင်းက ပန်းကျဲနော်"

"ငါက ပန်းကျဲရမှာလား ကျိုးချန်"

"အင်းလေကျန့်ကျန့်ရဲ့...ဒါဆိုစကြစို့!!!!"
___________
"မင်္ဂလာသတို့သားနဲ့သတို့သမီး ဝင်လာလို့ရပါပြီ"

ကျန်းချန်ရဲ့စကားဆုံး ရှေ့က ယွီပင်းနဲ့ရှောင်းပေါက်စက ပန်းကျဲကာ နောက်မှ ရိပေါ်လေးနဲ့ လီလီက အတူဝင်လာကြလေသည်။

လီလီရဲ့မျက်နှာမှာ ပြုံးဖြီးနေသလောက် ရိပေါ်လေးရဲ့မျက်နှာမှာတော့ ဆူပုတ်ပုတ်...

"သတို့သားနဲ့သတို့သမီးနမ်းနိုင်ပါပြီ"

ကလေးတွေဆိုတော့ ဘာတွေညာတွေသိပ်မသိကြ...ချက်ချင်းကိုနမ်းခိုင်းကြတော့သည်။

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now