Part 6(Uni+Zawgyi)

3.4K 311 10
                                    

Unicode

ယနေ့ညတွင် ဝမ်ရိပေါ်လေးဟာ ရှောင်းအိမ်တော်သို့ရောက်ရှိလို့နေပါသည်။အကြောင်းမှာ ရိပေါ်လေး၏နယ်မှဘိုးဘိုးကြီးမှာနေမကောင်းတာကြောင့်ဝမ်မိသားစုအားလုံးကိုခေါ်သဖြင့်သွားကြရလေသည်။ဝမ်ပေါက်စကတော့မလိုက်ချင်ပါဟုဇွတ်ငြင်းနေသဖြင့် ရှောင်းအိမ်တော်တွင်သာထားခဲ့ရခြင်းဖြစ်သည်။

ရှောင်းအိမ်တော်...ရှောင်းပေါက်စလေး၏အခန်းလေးထဲတွင် ကြောင်နဲ့ကြွက်ကာတွန်းကားကိုကြည့်နေကြတဲ့ကလေးပေါက်တွေ...

"အိပေါ်...ကြွက်ရေးကချစ်ရှာရေးနော်..နာကကြွက်ရေးးရုပ်မယ်..."

"အင်းး မင်းကကြွက်ရေးရုပ်...နာကကြောင်ရီးရုပ်မယ်...ကြွက်ရေးကိုကြောင်ရီးကရှားမှာ...ဝေါင်းးး ဝေါင်းးး"

​လက်နှစ်ဖက်နဲ့ကြောင်ပုံစံလေးလုပ်ကာအော်ပြနေတဲ့ရိပေါ်...

"အဲရာက..ကျားရီးတွေ ဟိန်းရာရေ အိပေါ်ရဲ့...ကြောင်ရေးတွေက...ညှောင်...ညှောင်...အဲ့ရိုအော်ရာ"

ကျန့်ကျန့်ရဲ့စကားကြောင့် မျက်မှောင်ကြီးကျုံ့ကာ စူပုပ်ပြီး ကြည့်လာတဲ့ ဝမ်ပေါက်စလေး....

"ရဝူးးကွာ...နာက ကြောင်ချို..ကြောင်ရိုက်...ချာရှည်နဲ့"

"နာ့ကိုချာရုပ်နဲ့ အိပေါ်!!!ဝက်ကြောင်ရီး!!!"

"မင်းကမှ...ယုန်ရုပ်နဲ့ကြွက်ရီးးး!!!"

"အိပေါ်!!!"

"ကျန့်ကျန့်!!!!"

ရှောင်းပေါက်စအခန်းထဲကိုဝင်လာတဲ့ရှောင်းမားမှာတော့ နားကိုလက်နှစ်ဖက်နဲ့ပိတ်ထားလိုက်ရသည်...စူးလိုက်တဲ့အော်သံတွေ...ဝစီတွေများမြိုချထားသလားအောက်မေ့ရတယ်...တကယ်ပါပဲ...

"ကလေးတွေ...တော်ကြတော့ အိပ်ချိန်ရောက်ပြီလေ....သွားတိုက်ကြမယ်"

ထိုအခါမှ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးကာ...သွားတိုက်ဖို့သွားကြတဲ့ပေါက်စနှစ်ယောက်...ညအိပ်ဝတ်စုံချည်သားဝမ်းဆက်အပြာရောင်လေးတွ ဆင်တူနှင့်...တကယ့်ကိုချစ်စရာလေးတွေ... ရန်ဖြစ်နေတဲ့အချိန်ကလွဲရင်ပေါ့...

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now