Part 12(Uni+Zawgyi)

3.2K 295 12
                                    

Unicode

"ကလေးတွေ....ဒီပုစ္ဆာဘယ်သူတွက်နိုင်လဲ!!"

သင်္ချာဆရာမရဲ့စကားသံအဆုံးအတန်းထဲက ​ကျောင်းသားတွေအားလုံးဟာငြိမ်သက်စွာ...

"ဗြန်း!!!!"

ဆရာမကတုတ်နဲ့ ခုံကို တဗြန်းဗြန်းရိုက်ရင်းမေးလာတဲ့အခါ အကုန်လုံးက ဒူးတုန်နေကြပြီ.....

"ဘယ်သူမှမတွက်နိုင်ကြဘူးလား!!!"

ထိုအချိန်မှာထွက်ပြီးသင်္ချာတွက်ပေးမယ့်သူဟာ သူတို့အတန်းတွက်ကယ်တင်ရှင်ကြီးလို့ ကလေးတွေက သတ်မှတ်ထားသည်။

ထိုအချိန်တွင် မားမားမတ်မတ် မတ်တပ်ရပ်လိုက်တဲ့ ကျိုးချန်....

"ဟုတ်ပြီ...ကျိုးချန်တွက်မယ်ပေါ့လေ"

ကျိုးချန်က တကယ်ပဲအတန်းကိုကယ်တင်တော့မှာလားးး အတန်းထဲက ကလေးတွေရဲ့အားကိုးတကြီးမျက်လုံးကြီးတွေနဲ့အကြည့်ခံနေရတဲ့ကျိုးချန်....

"ဟို...သား...သားသေးပေါက်ချင်လို့ပါဆရာမ..."

အတန်းထဲကကလေးများ-😑😑

"အမလေးးး ကျိုးချန် ငါအချဥ်မဟုတ်ဘူးဟဲ့ မသွားရဘူး...ပြန်ထိုင်"

"အဲ..."

ဤသိုဖြင့် ကျိုးချန်တစ်ယောက်ပြန်ထိုင်နေရတော့သည်။

"ကဲ...ဘယ်သူမှမတွက်နိုင်ဘူးလားး ဟိုဝမ်ရိပေါ်နဲ့ ရှောင်းကျန့် နင်တို့နှစ်ယောက်ထဲက ဘယ်သူတွက်နိုင်လဲပြောစမ်းးး"

"သားတွက်ပါ့မယ်"

ထိုင်ခုံမှထကာ လက်ကလေးတစ်ဖက်မြှောက်ပြီး​ ရိပေါ်ကိုကြည့်ကာ ပြောလာတဲ့ ရှောင်းကျန့်လေး

"ဟုတ်ပြီ...ရှောင်းကျန့်လေးက ဝမ်ရိပေါ်ထက်သာသွားပြီ"

ဆရာမရဲ့စကားကြောင့် ဒေါဖောင်းသွားတဲ့ရိပေါ်လေးးဟာ ခပ်မြန်မြန်ပင်ထိုင်ခုံမှထလိုက်ကာ....

"သားး!!!သားလည်းတွက်နိုင်တယ်ဆရာမ"

ထိုစကားကြောင့် ရှောင်းကျန့်လေးရဲ့မျက်စောင်းတွေက ရိပေါ်လေးထံသို့ ဒိုင်းကနဲကျရောက်လာသည်။

"သားတွက်မှာနော်ဆရာမ..."

"မဟုတ်ဘူးသားတွက်မှာလို့"

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now