Part 16(Uni+Zawgyi)

3.3K 282 8
                                    

Unicode

"ပြဇာတ်မှာပါကြတဲ့မူလတန်းပထမနှစ်ကကလေးတွေ...အမှတ်တရဓာတ်ပုံရိုက်မယ်နော်...ပြုံးပြုံးလေးနေကြပါ"

ဓာတ်ပုံဆရာရဲ့စကားကြောင့်ကလေးတွေကအသင့်နေရာယူကာcameraကိုပြုံးပြုံးလေးတွေကြည့်နေကြသည်။

စနှိုးဝှိုက်မင်းသမီးလေးနဲ့မင်းသားလေးကြားမှာအငယ်ဆုံးလူပုလေးဖြစ်တဲ့ရိပေါ်လေးကပြုံးဖြီးစွာရှိနေသည်။စနှိုးဝှိုက်လေးကတော့စူပုပ်ပုပ်ဖြင့်သာ...

"1..2..3..."

'ချပ်' 📷
__________

၁၈နှစ်ကြာမြင့်ပြီးတဲ့နောက်....

ယုန်ရုပ်လေးတွေနဲ့ပြည့်နေတဲ့ကောင်လေးတစ်ယောက်ရဲ့အခန်း။အခန်းထဲက အလုပ်စားပွဲလေးပေါ်မှာတော့ လူပုလေးနဲ့မင်းသားလေးရဲ့အလှဆုံးပြုံးနေခဲ့တဲ့ဓာတ်ပုံလေးကနေရာယူလို့နေလေသည်။ဓာတ်ပုံလေးရဲ့ဘေးမှာတော့ဆိုင်ကယ်အစိမ်းရောင်ရုပ်လေးကရှိနေသည်။

ရှောင်းကျန့်တစ်ယောက် ဓာတ်ပုံလေးကိုကြည့်ကာပြုံးနေမိသည်။ငယ်ဘဝဆိုတာအမှတ်တရအရှိဆုံးနဲ့ပျော်ဖို့အကောင်းခဲ့ဆုံးအချိန်တွေပဲမို့လားးး

'ဒေါက်...ဒေါက်...ဒေါက်..'

"သားကျန့်ရေ...အောက်မှာမင်းသူငယ်ချင်းတွေရောက်နေတယ်"

"ဟုတ်ကဲ့မားးး သားလာပြီ"

ရှောင်းမားရဲ့အသံကြောင့်သူလည်းဓာတ်ပုံလေးကြည့်နေတာကို ရပ်လိုက်ပြီးအခန်းအပြင်ဘက်သို့ထွက်ခဲ့သည်။

ဤသို့ဖြင့်မားနဲ့အတူအိမ်အောက်သို့ဆင်းကာ...သူငယ်ချင်းဆိုသူတွေကိုကြည့်လိုက်တော့ ကျိုးချန်နဲ့ယွီပင်းဖြစ်နေသည်။

"ဘယ်သူတွေများလဲလို့"

ရှောင်းကျန့်နှစ်ယောက် ဧည့်ခန်းရဲ့ဆိုဖာပေါ်မှာမုန့်တွေစားသောက်နေတဲ့ ကျိုးချန်နဲ့ယွီပင်းရဲ့ရှေ့ကမျက်နှာချင်းဆိုင် ဆိုဖာတစ်ခုပေါ်မှာဝင်ထိုင်လိုက်သည်။

"ငါတို့အပြင်ဘယ်သူရှိသေးလို့လဲ...ဘာလဲမင်းရဲ့အိပေါ်လို့များထင်နေတာလား"

"......"

ကျိုးချန်ရဲ့စကားကိုယွီပင်းကပါ အားရဝမ်းသာလာဖြည့်စွက်သည်။

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now