Part 3(Uni+Zawgyi)

3.9K 341 6
                                    

Unicode

ရိပေါ်လေးတစ်ယောက် သူဒဏ်ရာကိုရှောင်းမားက ကျန့်ကျန့်ကြောင့်ဖြစ်တာလားမေးတော့ သူလိမ်ပြီးဖြေလိုက်မိသည်။သူလိမ်မပြောရင် ကျန့်ကျန့်ကိုရှောင်းမားက ရိုက်တော့မှာလေ...ကျန့်ကျန့်ကလည်းကြောက်ပြီးတုန်နေတာကြောင့် လိမ်ပြောပေးလိုက်ခြင်းပင်....

ထို့နောက်မားမားခေါ်ရာနောက်သို့ပြန်လိုက်လာခဲ့သည်။ဝမ်အိမ်တော်ထဲရောက်တော့မားကသူ့အနာလေးကိုဆေးစပ်စပ်ကြီးတွေထည့်ပေးတော့သည်။

"မားးးတားးနာရယ်...ပါပါးနဲ့တိုင်ကြောမှာ"

"ဝမ်ပေါက်စ...ကိုယ့်ဘာသာချော်လဲပြီးတော့....ဆေးလည်းထည့်ပေးရသေးတယ်...ငါ့ကိုတောင် နင့်ပါပါးနဲ့ပြန်တိုင်ဦးမယ်ဆိုပဲ..."

ဒီဝမ်ပေါက်စလေးဟာလေ...သူ့ကိုတောင်ဆေးစပ်စပ်တွေထည့်ပေးလို့ သူ့ပါးနဲ့ပြန်တိုင်မယ်ဆိုပဲ..ဒီကလေးကိုဝမ်မားတစ်ယောက် တကယ်မနိုင်တော့....အသည်းတွေလည်း အရမ်းယားတာပဲ....

ဒါ့ကြောင့်ပါးဖောင်းဖောင်းကြီးတွေကိုတစ်ချက်ဖိကာနမ်းလိုက်သည်။

'မွ'

ဝမ်မားတစ်ယောက်သူနမ်းလိုက်တဲ့ ပါးတစ်ဖက်ကိုလက်နဲ့အုပ်ပြီး မျက်စောင်းထိုးလာတဲ့ ဝမ်ပေါက်စကြောင့် ခပ်လန့်လန့်...

"ကဲ...ဘာဖြစ်လို့မျက်စောင်းတွေက ပါလာရပြန်တာတုန်း"

"မားမားတားးပါးကိုနမ်းရဲ့...တားပါးကကြီးရာရင် ကျန့်ကျန့် နမ်းဖို့ ထားတားရာ.."

"အမလေးလေ...ဝမ်ရိပေါ်..ငါနင့်အမေပါဟယ်...ပြီးတော့ ကျန့်ကျန့်လေးနဲ့သားနဲ့က အမြဲရန်ဖြစ်နေတာလေ...သားပါးကိုသူကနမ်းပါ့မလား"

မားမားစကားကြောင့် ရိပေါ်လေးဟာသူ့ရဲ့ခေါင်းသေးသေးလေးနဲ့စဥ်းစားခန်းဖွင့်တော့သည်။

💭💭အချင်းချင်းရန်ဖြစ်နေတဲ့ သူတွေက နမ်းလို့ရဘူးလားးး💭💭

"တိတော့ဝူးးးမားမားရာ...ကျန့်ကျန့်ကတားကိုပဲနမ်းရမှာ"

"အမလေးးဟုတ်ပါပြီ...ဟုတ်ပါပြီ...ကဲခုတော့အခန်းမှာ သွားနားတော့ ပြီးရင်မားရေလာချိုးပေးမယ် ဟုတ်ပြီလားးး"

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now