Part 18(Uni+Zawgyi)

3.6K 276 9
                                    

Unicode

ရှောင်းကျန့်တစ်ယောက်နိုးလာတော့သူ့ကိုရင်ခွင်ထဲမှာထွေးပွေးကာအိပ်နေတဲ့လူတစ်ယောက်...

ရှောင်းကျန့်လည်းဘာမှစဥ်းစားမနေတော့ဘဲ ​ခုတင်ပေါ်ကနေထိုလူအားခြေထောက်နဲ့ကန်ချပစ်လိုက်သည်။

'ဘုန်းးး'

"အားလားးလားး သေပါပြီဟ"

ထိုလူအားသေချာကြည့်မိမှရှောင်းကျန့်တစ်ယောက်မျက်လုံးပြူးသွာသည်။

"အိပေါ်!!!!!"

"အင်းးနှုတ်ဆက်ပုံကြီးကကြမ်းလိုက်တာကွာ"

ထိုအချိန်မှာပင်မျက်ရည်တွေစီးကျလာတဲ့ရှောင်းကျန့်...

"ကျန့်ကျန့်!!!ဘာဖြစ်လို့လဲ"

ရိပေါ်တစ်ယောက်ပြုတ်ကျနေတဲ့နေရာမှထလိုက်ကာ ခုတင်ပေါ်မှာငုတ်တုပ်လေးထိုင်ငိုနေတဲ့ရှောင်းကျန့်ရဲ့ခေါင်းလေးကိုကိုင်မည်အပြု...လိမ်ချိုးခံလိုက်ရသောလက်...တရားခံကဘယ်သူရှိမလဲရှောင်းကျန့်ပဲပေါ့...

ထို့နောက်ရှောင်းကျန့်တစ်ယောက်ရိပေါ်ရဲ့လက်တွေကိုလွှတ်ပေးလိုက်ကာဆံပင်တွေကိုဆောင့်ဆွဲတော့သည်။

"ငါ့ကိုပစ်ထားတယ်!!!!ဖုန်းလည်းမဆက်ဘူး!!!မုန်းတယ်!!!!အိပေါ်ကိုမုန်းတယ်!!!"

သူ့ဆံပင်တွေကိုဆွဲရင်းငိုနေတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်တစ်ယောက်ဘာလုပ်ရမှန်းမသိ....ခေါင်းကဆံပင်တွေကလည်းကျွတ်ထွက်တော့မယ့်အတိုင်းနာလိုက်တာများး

"လွှတ်...လွှတ်ပေးပါတော့...ကျန့်ကျန့်ရဲ့ငါနာနေပြီ"

ထိုအခါမှဆံပင်မွှေးတွေကိုလွှတ်ပေးကာရိပေါ်ကိုကျောခိုင်းကာငိုနေပြန်တဲ့ရှောင်းကျန့်

ရိပေါ်တစ်ယောက်သူ့ကိုကျောခိုင်းထားတဲ့ရှောင်းကျန့်ကိုနောက်မှထွေးပွေ့ထားလိုက်သည်။

"ခုငါပြန်ရောက်လာပြီလေ...မငိုနဲ့တော့နော်....တစ်သက်လုံးမင်းနဲ့အတူနေတော့မှာ"

ထိုအခါရှောင်းကျန့်လည်းမျက်လုံးလေးပြူးကာရိပေါ်ကိုလှည့်ကြည့်လာသည်။

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now